Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 26, 2013

ဘုရားကို တရားရုံးမှာ အမှုဖွင့်သတဲ့

လူတွေက ကြံကြံဖန်ဖန် ဘုရားကို တရားရုံးမှာ အမှုဖွင့်သတဲ့။ ဘုရားဆိုတာ လူတွေယုံကြည်ဖို့ ကိုးကွယ် ဖို့ ပေါ်ထွန်းလာခဲ့တာ မဟုတ်လား။ ဘာကြောင့် တရားရုံးမှာ  ဘုရားကို အမှုဖွင့်သလဲဆိုတာ....



တကယ်တော့ ဒါက အိန္ဒိယက ရိုက်ကူးတင်ဆက်ထားတဲ့ ဘုရားကို တရားရုံးမှာ အမှုဖွင့်တဲ့ ဇာတ်လမ်းပါ။  လူတွေက ဘုရားကို ယုံကြည်တာထက် ကြောက်ရွံ့ ကြတာများတယ်ဆိုတဲ့ သင်ခန်းစာပေး ဇာတ်လမ်း လည်း ဖြစ်တယ်။  အိန္ဒိယဇာတ်ကား၊ မြန်မာစာတမ်းထိုးတာမို့ မြန်မာပရိသတ်တွေအတွက်လည်း ခံစားလို့ ရပါတယ်။ 

"ဒီဇာတ်ကားရဲ့ ဇာတ်လမ်း အကျဉ်းကတော့
ကမ်ဂျီဘာ ရဲ့ ဆိုင်က ငလျှင်လှုပ်လို့ ပြိုပျက်သွားခဲ့ပါတယ်
ကမ်ဂျီဘာ က သူ့ရဲ့ အာမခံဌာနကို သွားရောက် လျှော်ကြေးတောင်းတဲ့အခါ
အာမခံဌာနက ဘုရားကိုင်တာဆိုပြီး ငြင်းဆိုခဲ့ပါတယ်
ဒါနဲ့ ကမ်ဂျီဘာဟာ တရားရုံးမှာ ဘုရားကို တရားစွဲတော့တာပါပဲ"
လို့ ဒီဇာတ်လမ်း ယူကျုမှာ တင်ထားသူက Pyae Phyo Pyay က မိတ်ဆက်ထားတယ်။

No comments:

Post a Comment