CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြည်သူ ၄၀၀၀၀ ကျော် လက်မှတ်ထိုး သမ္မတထံတင်
.jpg)
သိဂီ င်္ ထွန်း
ရန်ကုန် ၊ အောက်တိုဘာ ၁၀ ။ ။ ပြည် မြို့ နဝဒေးတံတားအနီး View Point
ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး
ပြစ်မှုကျူးလွန်သူများအား မှန်ကန်စွာ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ပေးစေရန်
ပြည်သူ ပေါင်း ၄ဝဝဝဝကျော် ၏လက်မှတ် များဖြင့် သမ္မတနှင့် အာဆီယံအ
ဖွဲ့အစည်းများထံသို့ အောက်တို ဘာ ၁၀ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။
ယင်း လက်မှတ်ထိုးစာရင်း ထဲတွင် ပြည်မြို့မှ အများဆုံးပါ ဝင်ပြီး ရွာပေါင်း
၃ဝကျော်သို့သွား ရောက်၍ လက်မှတ် စာရင်းအား ကောက်ယူခြင်း များပြုလုပ်ခဲ့ကာ
ယင်းသို့ လက်မှတ်ကောက်ခံမှု သည် အချိန်တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။
''ခုလိုမျိုး ပြည်သူတွေဆီက လက်မှတ်တွေကို စုဆောင်းပြီး တော့
နိုင်ငံတော်သမ္မတကြီးနဲ့ အာဆီယံအဖွဲ့အစည်းတွေကို တင် ဖို့လုပ်တာက
အပြစ်ရှိတဲ့သူကို အ မှန်အတိုင်း အရေးယူဆောင်ရွက် ပေးစေချင်လို့ပါ။
ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် တရား ဥပဒေ အတိုင်း ဆောင်ရွက်တာ မျိုးကိုပဲ ဖြစ်စေ
ချင်တယ်။ ဒါမှလဲ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီမှာပါ။ မိသား
စုဝင်တွေဘက်ကလဲ ခုလိုမျိုးလုပ် တာကို မကျေနပ်ဘူးလို့ပြောတယ်။
ဒီကိစ္စထဲကိုတော့ ပါဝင်ပြီးလှုပ် ရှားတာမျိုး တော့ သူတို့ တွေ မ
လုပ်နိုင်ဘူး။ ကျွန်တော်တို့ကပဲ ဦးဆောင်ပြီးလုပ်ပေးတာပါ။ ကျွန် တော်တို့
ခုလိုမျိုးလုပ်တာကလဲ တရားဥပဒေဘောင်အတွင်းကပဲ သူတို့တွေ
အဖြစ်မှန်ကိုဖော်ထုတ် ပြီး အရေးယူဆောင်ရွက်ပေးတဲ့ အထိကို ဆက်လုပ် သွား
မှာပါ'' ဟု ပြည်မြို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုသန်းထိုက် က
ပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ် သက်ပြီး
ပြည်မြို့နှင့်ရပ်ရွာများ ရှိ ပြည်သူများအပြင် ယခုအခါ အဖွဲ့အစည်းများ၏
လက်မှတ်များ အားလည်း လိုက်လံစုဆောင်းသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လက်မှတ်ထိုးသည့် စာရင်းထဲ တွင် ပါဝင်သည့် နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ
ဦးကျော်သူ က ''ကျွန်တော် လက်မှတ်ထိုးခဲ့ တာက ပြည်သူတွေအားလုံးအ တွက်ပါ။
တရားဥပဒေစိုးမိုးမှုရှိ စေချင်တဲ့အတွက်ပါ။ အခုဆိုရင် ပြည်သူတွေက
ကျီးလန့်စာစားနေ ရသလိုဖြစ် နေတယ်။ တကယ် အ ပြစ်ရှိတဲ့သူကို အပြစ်ရှိသလို
ဆောင် ရွက်နိုင်တာမျိုးပဲ ဖြစ်စေချင်တာ ပါ။ တကယ်လို့ ဒီကိစ္စမှာ စစ် သားတွေက
တရားခံအစစ်အ မှန်မဟုတ်ဘူးလို့ယုံကြည်ရင် ရှင်း အောင်လုပ်ပေါ့။ ဖမ်းမိတာက
ရဲ တွေက ဖမ်းတာ လေ။ တကယ်မ ဟုတ်ဘူးဆိုရင် ရဲတွေကိုပြန်စစ် ပေါ့။
ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အတွက် အပြစ်ရှိတဲ့သူကိုဖော်
ထုတ်အရေးယူပေးစေချင်တယ်။ ဒါမှလဲ ပြည်သူတွေရဲ့ စိုးရိမ်စိတ် တွေ
ပြေပျောက်နိုင်မယ်လို့ထင် တယ်''ဟုပြောသည်။
အဆိုပါ အမှုကိစ္စသည် ဧပြီ
၂၃ရက်က ပြည်မြို့နဝဒေးတံတား အနီး ကမ်းနားသောင်ပြင်တွင်ဖြစ် ပွားခဲ့သည့်
ပစ္စည်းယူလူသတ်ခဲ့ သည်ဟုစွပ်စွဲထားသည့် တပ်မ တော်သားသုံးဦးအား အရေးယူ ဆောင်
ရွက်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ လက်မှတ် များကောက် ယူပြီး သမ္မတနှင့်
အာဆီယံအဖွဲ့ အစည်းများထံသို့ပေးပို့ရန်ပြုလုပ် ခြင်းသည် ဥပဒေနှင့်အညီ ဆောင်
ရွက်စေခြင်း၊ နစ်နာသူများအား ကုစားခွင့်ဆောင်ရွက်ပေးရန်နှင့်
အလားတူကိစ္စရပ်များမဖြစ်ပေါ် စေရေး အတွက် အာမခံမှု များရ
ရှိအောင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
News Link=>http://goo.gl/3Zu6ZG
Credit To >Yangon Media Group
ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြည်သူ ၄၀၀၀၀ ကျော် လက်မှတ်ထိုး သမ္မတထံတင်
Reviewed by
VC
on
October 10, 2013
Rating:
5
No comments:
Post a Comment