Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 4, 2013

ကလေးသူငယ် အလှမယ်ပြိုင်ပွဲများ တားမြစ်သည့်ဥပဒေပြင်သစ်တွင်ထုတ်ပြန်



ပြင်သစ်အထက်လွှတ်တော်က အသက်၁၆ နှစ်အောက်ကလေးသူငယ်များ အလှမယ်ရွေးချယ်ခြင်းပြိုင် ပွဲ တွေကိုတားမြစ်တဲ့ဥပဒေထုတ်ပြန်လိုက်ပါတယ်။ ကျူးလွန်တဲ့သူကို ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ယူရိုသုံးသောင်းသို့ မဟုတ် လေးသောင်းအထက်ဒဏ်ရိုက် မယ်လို့ ဆိုပါတယ်။အသက် ၁၀ အရွယ်ကလေးငယ်တဦးရဲ့ ဒေါက်ဖိနပ်၊မိတ်ကပ်၊ကိုယ်ကျပ်ဝတ်စုံဝတ်ပြီး ရိုက်ကူးထားတဲ့ပုံကို၂၀၁၀ ဒီဇင်ဘာလ Vogueမဂ္ဂဇင်းကနေဖော်ပြတာကနေစလို့ ကလေးသူငယ်အလှမယ်ပြိုင်ပွဲတွေတားဆီးဖို့ လှုပ်ရှားမှုစတင်ခဲ့ တာဖြစ်ပါတယ်။
လူကြီးဝတ်ပုံစံကလေးဆိုဒ်ဘရာစီယာ၊ဒေါက်မြင့်ဖိနပ်စတာတွေကိုလည်းတားမြစ်သွားမှာဖြစ်ပါတယ်။
ဒီဥပဒေကိုထောက်ခံတဲ့ အထက်လွှတ်တော်အမတ်တဦးက ဒီလိုတားမြစ်ခြင်းဟာ မိတ်ကပ်တွေ၊၀တ်စုံတွေဝတ်ဆင်ခြင်းကနေ စောစီးစွာ အပျိုစိတ်ပေါက်ခြင်းကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
The Melting Pot 4 U 

(မနက်ကတော့ ကလေးလေးတွေ တောဂေါ်လီသီချင်းနဲ့ ဖင်လှုပ်ရင်လှုပ်ကတာ၊ကလေးအရွယ်နဲ့ မလျော်တဲ့သရုပ်ဆောင် မှုတွေ ကို အားပေးလက်ခုပ်တီးကြတဲ့ မြန်မာပြည်က ပရိသတ်ကို ကြည့်ရင်းစိတ်မကောင်းဖြစ် မိပါတယ်။
ကြည့်ရှုပြီး ဝေဖန်သုံးသပ်နိုငအောင်အောက်မှာလင့်ခ်ပေးထားပါတယ်။ဒီမှာတော့မတင်တော့ပါဘူး။
 https://www.facebook.com/photo.php?v=643381795702462&set=vb.459386844101959&type=2&theater
ကလေးတွေကို ကလေး သဘာဝအတိုင်းပဲ အပြစ်ကင်းကင်းပျော်ရွှင်စွာနေထိုင်နိုင်ကြရအောင် လူကြီးတွေမှာ တာဝန်အထူးရှိတယ်လို့ ယူဆပါကြောင်း။) 
Source

No comments:

Post a Comment