လုပ်ငန်းနယ်ပယ်သစ်တွေ တီထွင်လုပ်ကိုင်ကြတဲ့သူတွေထဲမှာ မိုက်မိုနာမီရဲ့ တိုးရစ်ဂိုက် လုပ်ငန်းကတော့ စိတ်ဝင် စားဖို့ ကောင်းပါတယ်။ ဆင်းရဲမွဲတေမှုလေ့လာရေးခရီးလို့ အမည်တပ်ထားတဲ့ သုံးရက်တာ ခရီးစဉ်မှာပါဝင်ချင်ရင် ဒေါ်လာ ၂၀၀၀ ပေးရပါမယ်။
သီတင်းပတ်အနည်းငယ်လောက်ကစတင်ခဲ့တဲ့ဝက်ဆိုက် ကိုလူတွေကတော်တော်ဝေဖန်ကြပါတယ်။
အမျိုး သမီးတစ်ယောက်ကဆို အိမ်ယာမဲ့လူတွေဟာ လေ့လာရေးပြစားရမယ့်လူတွေမဟုတ်ဘူး လို့ ဝေဖန်ပါတယ်။ တချို့ ကလည်း ဒီလေ့လာရေးခရီး ကို နောက်နေတာလို့ ထင်ကြပါတယ်။
မိုက်က
ဆီယယ်တဲမြို့ ရဲ့  အမှောင်ဖက်တခြမ်းကို မြင်တွေ့ သွားရမှာဖြစ်ပြီး ဘယ်တော့မှာမမေ့မယ့် အတွေ့ အကြုံကိုရသွားစေရမယ်။ ဒုက္ခဆင်းရဲတွေကြားထဲမှာ သူတို့ ဘယ်လိုရုန်းကန်နေထိုင်ကြလဲဆို တာ တွေ့ ပြီး အိုးမဲ့အိမ်မဲ့တွေအပေါ်ထားတဲ့သဘောထားပြောင်းလဲ သွားပါလိမ့်မယ်။လူတွေက အိမ်ယာမဲ့တွေအပေါ်ဘယ်လို မြင်သလဲဆိုတာ ခင်ဗျားတကယ်ကို သိသွားစေရမယ်။ လို့ သူကပြောပါတယ်။
ကွန်ပြူတာဂရိုဂမ်မာတစ်ယောက်ဖြစ်တဲ့မိုက်ဟာလွန်ခဲ့တဲ့နှစ်လလောက်စပြီးအိမ်ယာမဲ့တယောက်ဖြစ်ခဲ့ပါ တယ်။ ခုတော့ဈေးအပေါဆုံးဟော်တယ် မှာ ညအိပ်ပြီး အများသုံးစာကြည့်တိုက်ဟာ သူ့ ရဲ့ ရုံးခန်းဖြစ် ပါတယ်။ သူ့ ရဲ့ ပုဂလိက ရုန်းကန်ရတဲ့အခက် အခဲတွေကိုတော့ ပြောမပြချင်တော့ပါဘူးတဲ့။
အလွယ်တကူမရနိုင်တဲ့ အတွေ့ အကြုံတွေကို ကျနော်ပေးချင်တာပါ။ ပိုက်ဆံရဖို့ သက်သက်ရည်ရွယ်တာမဟုတ်ပါဘူး။ သူ့ ရဲ့ လေ့လာရေးခရီးစဉ်က ပညာပေးခရီးစဉ်လို့ လည်း ယူဆပါတယ်။(သူ့ ရဲ့  သင်ခန်းစာကို “Course in Applied Homelessness”လို့ အမည်ပေးပါတယ်။)
ဒေါ်လာနှစ်ထောင်ထဲကတချို့ က ပြန်လှူဒါန်းမယ်လို့ ဆိုပါတယ်။
ဒီနေ့ အထိတော့သူရဲ့ ဆင်းရဲမွဲတေမှုလေ့လာရေးခရီးစဉ်ကို ဘယ်သူကမှ စာရင်းပေးတာမရှိသေးပါဘူး။
သူနဲ့ စကားပြောဖို့  ခွင့်တောင်းတဲ့ လူ ၇ယောက်ကလည်း သတင်းထောက်တွေဖြစ်ပါတယ်။
မိုက်က သူ့ ကိုယ်သူတော့စွန့် ဦးတီထွင်လုပ်ငန်းရှင်လို့ ခေါ်ပါတယ်။
နောက်ထပ်သူ့ ရဲ့ အိုင်ဒီယာကတော့ ၀ါရှင်တန်ပြည်နယ် ပထမဆုံးဆေးခြောက်လေ့လာရေး လုပ်ငန်းကြီးဖြစ်ပါတယ်တဲ့။
ကဲ ......သူ့ ရဲ့ လေ့လာရေးခရီးစဉ်တွေကို စာရင်းပေးသွင်းချင်ကြရင်တော့ realviewtour.com ၀က်ဆိုက်မှာ သွားရောက် စာရင်းပေးနိုင်ကြပါတယ်။
(မှတ်ချက်။ ။ အမျိုးသမီးလက်မခံပါ။အကြောင်းကတည်းခိုခန်းတွေကအမျိုးသမီးလက်မခံလို့ ဖြစ်ပါတယ်။)
the melting pot 4 u

Source
No comments:
Post a Comment