Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ




ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။

“မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ တစ်ဦးတစ်ယောက်တည်းက သုံးလေးကြိမ် မဲထည့်သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကပြောသည်။

“သေချာစိစစ်ပြီး မဲပေးခိုင်းရမှာပါ။ အဲဒါမှ ပွင့်လင်းမြင်သာမှုရှိမှာပါ။ တချို့နိုင်ငံတွေဆို မဲလာပေးတဲ့သူတွေကို ဦးခေါင်းကို ဆေးသုတ်လိုက်တာတွေ ရှိပါတယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇော်အေးမောင်ကပြောသည်။

စာရွက်ပေါ်တွင် မဲပေးရသော နိုင်ငံအချို့၌ မဲပေးပြီးသည်ကိုသိရှိရန် လက်မ (သို့မဟုတ်) ထင်ရှားသောနေရာအား မင်သုတ်သည့် အလေ့အထများရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကဆိုသည်။

“အဓိကတော့ မဲရုံးမှူးတွေပေါ် မူတည်တယ်။ မဲရုံးမှူးတွေက ဆေးသုတ်ပြီးသားတွေ ထပ်ပေးခိုင်းရင်လည်းရတာပဲ”ဟု ဦးကျော်လင်းဦးကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7 Days
>ခေတ်သတင်း

No comments:

Post a Comment