CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 8, 2013
နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
Tuesday, October 8, 2013
အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့
နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြား လိုက်သည်။ နိုဝင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူး တွင် Popဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ်သည် သူမအ တွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာတစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော်ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေးသားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန်လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်း ကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူး တယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထား
သည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်း
မှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။
မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေး သားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။
Planet Myanmar Network
နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
Reviewed by VC
on
October 08, 2013
Rating: 5
Reviewed by VC
on
October 08, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment