Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 14, 2013

လူငယ်လေးယောက်အား ထိုင်ခိုင်း၍ လည်ပင်းကို ဓားရှည်ဖြင့် ခုတ်မှုဖြစ်ပွား

မိုးညှင်း၊ အောက်တိုဘာ ၁၃။
အောက်တိုဘာလ ၁၂နေ့ ည ၉နာရီအချိန်ခန့်တွင် ကချင်ြပည်နယ် မိုးညှင်းမြို့ရွာသစ်ကုန်းကျေးရွာ၊ ဒီဂရီကောလိပ်ကျောင်းလမ်းမကြီးပေါ်တွင် လူငယ်(၄)ယောက်အား ထိုင်ခိုင်း၍ ဓားရှည်ဖြင့် ခုတ်သောအမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။
ရွာသစ်ကုန်း ကျေးရွာအလွန် (လွင်ဘော်ဒါဆောင်)ရှေ့တွင် သူငယ်ချင်းများဖြစ်ကြသော မောင်နိုင်လင်းထွန်း၊ မောင်မိုးဒီး(ခ) ထူးမြတ်ဦး၊ မောင်နေ၀င်းဇော်၊ မောင်အောင်ကျော်ကျော်တို့ (၄)ဦးသည် ဂစ်တာတီး၍ ဆိုင်ကယ်ဖြင့် အပြန် ကန်တော်ကုန်း ဦးမြင့်သိန်းအိမ်ရှေ့အရောက်
တွင် ဓားရှည်ကိုင်သူထားသော ဟာဗစ်(ခ)စိုးစိုးလွင်နှင့် နောင်နောင်(ခ)စိုင်းနောင်လင်းတို့က ကားလမ်းရှေ့မှ တားဆီးကာ လမ်းမပေါ်၌ ဆောင့်ကြောင့် ထိုင်ခိုင်းကာ နောင်နောင်(ခ)စိုင်းနောင်လင်းဆိုသူက အသွား(၄)ပေရှိ တောရမ်းဓားရှည်ဖြင့် ပျော်ဖွယ်ရပ်ကွက်နေ မောင်မိုးဒီ(ခ)ထူးမြတ်ဦးအသက်(၁၇)နှစ်၏ လည်ပင်းတွင် တင်ထားစဉ် ရှောင်ပြေးခဲ့သဖြင့် လည်ပင်းတွင် ပြတ်ရှဓားဒဏ်ရာ ထိသွားခဲ့ကြောင်း ကာယကံပရှင်များ ထံမှ သိရသည်။ အလားတူ စိမ်းရတနာမွန်(မြောက်)ရပ်ကွက်နေ  မောင်နိုင်လင်းထွန်း အသက်(၁၈)နှစ်အား ဓားဖြင့်(၃)ချက် လွှဲခုတ်ခဲ့ရာ လက်ဖြင့်ခံလိုက်သောကြောင့် ညာဘက်လက်ဖျံ အရိုးပေါ်ပြီး အကြောများပြတ်ခဲ့ကြောင်း ဆေးရုံတာဝန်ကျ ဆရာမထံမှသိရသည်။
ဓားရှည်ဖြင့်ခုတ်သူ ရွာသစ်ကုန်းအုပ်စု၊ အာဠာဝီကုန်းရွာနေထိုင်သူ နောင်နောင်(ခ)စိုင်းနောင်လင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သူ ဟာဗစ်(ခ)စိုးစိုးလွင်တို့အား ဒုရဲအုပ်ကြည်စိုးမှ ပြစ်မှုပုဒ်မ  ၃၂၆/၁၁၄အရ တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
သီဟအောင်(ကချင်)
http://themyanmaage.com/?p=11481&fb_action_ids=524179424332758&fb_action_types=og.likes&fb_source=other_multiline&action_object_map={%22524179424332758%22%3A172669606261349}&action_type_map={%22524179424332758%22%3A%22og.likes%22}&action_ref_map=[]

No comments:

Post a Comment