Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေး ပြန်လွှတ်


အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာ အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်



အစ္စရေးအစိုးရသည် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကြားဝင်ဆောင်ရွက်မှုရလဒ်အဖြစ် ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း AFP သတင်းက ဖော်ပြသည်။

အစ္စရေးက ပြန်လွှတ်ပေးလိုက်သော အကျဉ်းသားများသည် ဘတ်စ်ကားနှစ်စီးဖြင့် ဂျေရုဆလင်မ်မြောက်ဘက်ရှိ ဘီတူနီယာမြို့သို့ ထွက်ခွာသွားပြီး အဆိုပါမြို့တွင် ၎င်းတို့အား ပါလက်စတိုင်းတို့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ရာမာလာမြို့သို့ ဆက်လက်ထွက်ခွာကြပြီး ရာမာလာတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်က အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်သည်။ ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးနယ်နမိတ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းနယ်မြေအတွင်း စတင်ရောက်ရှိသည်နှင့် ၎င်းတို့၏ဆွေမျိုးများနှင့် ဒေသခံတို့က ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသား ၂၆ ဦးမှာ အစ္စရေးတို့အား တိုက်ခိုက်သတ်ဖြတ် မှုအ တွက် ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။ တိုက်ခိုက်မှုအများစုမှာ ၁၉၉၃ ခုနှစ် အစ္စရေးနှင့် ပါလက်စ တိုင်းတို့ကြား ရရှိခဲ့သည့် အော်စလိုသဘောတူညီချက် မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှေ့အ လယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်မစတင်မီ အကြိုညှိနှိုင်းမှုများအရ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပါလက်စတိုင်းအကျဉ်းသား ၁၀၄ ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီထားသည်။ သြဂုတ်လအတွင်းက ပထမဆုံးအသုတ်အဖြစ် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများမှာ ၃ နှစ်ကြာ ရပ်တန့်နေခဲ့ခြင်းလည်း ဖြစ်သည်။

From: Planet Myanmar Network

No comments:

Post a Comment