Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

လေဖျန်းနေသူအား စနောက်၍ တွန်းရာမှ ရေထဲပြုတ်ကျကာ ရေနစ်သေဆုံး



အောက်တိုဘာလ (၁၂)ရက် နံနက်(၁၀)နာရီအချိန်ခန့်က ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေး ကျေးရွာနေ ဒေါ်အေးအေးသီ၊ (ဘ)ဦးခင်မောင်သည် တစ်ရွာတည်းနေ ဦးခင်မြင့်၏ အိမ်တက်အလှူတွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် ဒေါ်အေးအေးသီ၏ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်(လေဖျန်းနေသူ)မှာ ရခိုင်ရိုးလေးရွာလယ်တံတားဘေးတွင်
သေဆုံးနေကြောင်း တစ်ရွာတည်းနေ အမည်မသိကလေး (၂)ဦးလာရောက်၍ အသိပေးခဲ့သဖြင့် သွားကြည့်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားကြည့်သောအခါ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်သည် ရွာလယ်ကွန်ကရစ်တံတားဘေး ချောင်းစပ်တွင် ပက်လက်အနေအထား
သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းမေးမြန်းရာ ခင်ပွန်းဖြစ်သူအား တစ်ရွာတည်းနေ ဦးမြင့်သိန်း ဆိုသူက စနောက်ပြောင်ရင်း တွန်းလိုက်ရာ တံတားပေါ်မှ ရေထဲသို့ပြုတ်ကျ၍ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
ထို့ကြောင့် ခင်ပွန်းအား ရေထဲသို့စနောက်တွန်းချခဲ့သူ ဦးမြင့်သိန်းအား အရေးယူပေးရန် ဇနီးဖြစ်သူ ဒေါ်အေးအေးသီမှ တိုင်တန်း၍ တက်သစ်နယ်မြေရဲစခန်း(ပ)၁၀၁/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment