Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်



အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။
Posted on Oct 30 13 - 11:47 AM | Hits : 192
ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်

ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။

From: Planet Myanmar Network

No comments:

Post a Comment