Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

အိန္ဒိယဘုရားဖူး ၅၀ ကျော် လူပိသေဆုံး


အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်း တစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီးတော့ လူပေါင်း ၅၀ ကျော် သေဆုံးသွားရတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ဒီထိခိုက်မှုကြောင့် လူပေါင်းအနည်းဆုံး ၁၀၀ လည်း ဒဏ်ရာရသွားတာပါ။ ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။

တံတားက ဆင်းမြစ် (Sindh River) ကိုဖြတ်ပြီး ဆောက်ထားတာဖြစ်ပြီး ဘာသာရေးပွဲတော်တစ်ခုအတွက် လူတွေ တံတားကိုဖြတ်ကူးလာကြတာပါ။ အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တွေမှာ အခုလို လူနင်းမိလို့ သေဆုံးရတဲ့ သာဓကတွေအများကြီး ရှိထားပါတယ်ရှင်။

VOA



No comments:

Post a Comment