Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

ပြည်သူကိုစောင့်ရှောက်ဖို့ လက်နက်အာဏာအပ်နှင်းခြင်းခံထားရသူတို့  ပြည်သူကိုနှိပ်စက်လေသောအခါ.......

WARNING GRAPHIC: Surveillance video of Cassandra Feuerstein's arrest




ပြည်သူတွေကိုကာကွယ်ဖို့ လက်နက်နဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတဲ့ရဲတွေက ပြည်သူတွေကို ဖိစီးနှိပ်စက်ချင်တဲ့အကျင့်ဟာ မြန်မာပြည်မှာတင်မဟုတ်ပါဘူး။ ဒိမိုကရေစီနိုင်ငံကြီးဖြစ်တဲ့အမေရိကန်နိုင်ငံမှာလည်း ဒီလိုအာဏာပြနှိပ်စက်ချင်တဲ့ရဲတွေရှိတာပါပဲ။ လက်နက်နဲ့ လုပ်ပိုင်ခွင့်အာဏာရှိလာရင် အာဏာပြချင်၊အနိုင်ကျင့်ချင်တာလူ့ သဘာဝ လို့ ပြောရမလိုပါပဲ။
အမေရိကန်ပြည်ထောင်စုမှာ ရဲအရာရှိ တစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ကွန်ကရိထိုင်ခုံရှိ ရာဆောင့်တွန်းလိုက်လို့ အမျိုးသမီးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့ CCTV ကင်မရာကရိုက်ကူးထားချက်ကိုကြည့်ပြီး လူထုကြားမှာ ဝေဖန်မှုတွေဆူဆူညံညံထွက်လာပါတယ်။
အီလီရော့နစ်ပြည်နယ်၊စကိုကီးမြို့ မှာ အရက်မူးပြီးကားမောင်းလို့ အဖမ်းခံရတဲ့ ဖျူရားစတိန်းဆိုတဲ့ အမျိုးသမီး ဟာအချုပ်ခန်းတွင်းမှာ သူမရဲ့ ဖိနပ်နဲ့ အ၀တ်တချို့ ကို ချွတ်ခဲ့ပြီး  စစ်ဆေးခံ ဖို့ အချုပ်ခန်းထဲကထွက်ခဲ့ပါတယ်။ နောက် အချုပ်ခန်းရှိ ရာကို ရဲအရာရှိကပြန်ပို့ တဲ့အခါ သူ့ ကို ပြင်းပြင်းထန်ထန်းဆောင့်တွန်းလိုက်လို့ အုတ်ခုံနဲ့ မျက်နှာရိုက်ပြီး မျက်လုံးကသွေးတွေထွက်လာပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေပေမယ့် အဲဒီအရာရှိကိုရာထူးကဆိုင်းငံ့ထားတာပြစ်ဒဏ်ပေးတာလောလောဆယ်မလုပ်သေးဘူး။
အမျိုးသမီးဟာ ရဲအရာရှိကို ကလန်ကဆန်လုပ်မှုနဲ့  တရားစွဲခံခဲ့ရပြီး ခုတော့ အဲဒီစွဲဆိုမှုကိုရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ဒီနေ့ ခေတ်ကြီးမှာ CCTV ကင်မရာတွေကျေှးဇူးနဲ့  ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို လိမ်ညာလို့ မရအောင် ပြန်ရစ်ကြည့်လို့ ရနေပါပြီ။ဟိုးတလောက မန္တလေးမှာဖြစ်ခဲ့တဲ့သုံးလောင်းပြိုင်လူသတ်မှုဟာလည်း ဒီကင်မရာတွေရဲ့ ကျေးဇူးနဲ့ လူသတ်တရားခံကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် CCTV ကင်မရာတွေများများတပ်ဆင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
 the melting pot 4 u

Cassandra Feuerstein’s injuries following the incident (Picture: Courtesy of attorney Torreya L Hamilton) 
CCTV footage shows the woman being forced back into her cell (Picture: YouTube/ChicagoTribune)

Source

No comments:

Post a Comment