Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 16, 2013

လူခုနစ်ဦးသေဆုံးခဲ့သော သံတွဲပဋိပက္ခ လူသတ်မှုများအား ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီဖြစ်



သံတွဲမြို့ပဋိပက္ခအတွင်း လူသတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းမှ ဖြောင့်ချက်ပေးသူ ခြောက်ဦး ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။

ယင်းပဋိပက္ခတွင် ပတ်သက်သူဟု သံသယရှိသူ ၇၈ ဦးရှိပြီး ယင်းတို့အနက် လူသတ်မှုများနှင့် စပ်လျဉ်း၍ ခြောက်ဦး က ဖြောင့်ချက်ပေးလိုက်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ၎င်းအပြင် မီးလောင်မှုများနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိသူ ၂၈ ဦးရှိသည်ဟုလည်း ဖော်ပြထားသည်။

ယင်းခြောက်ဦးမှာ သံတွဲမြို့မှ တောင်ကုတ်သို့ သွားရာလမ်းဖြစ်သော လင်းသီကျေးရွာအနီး အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ လေးဦးနှင့် သဗြုချိုင်ကျေးရွာတွင် လူငါးဦး အသတ်ခံရမှုအတွက်
ဖြောင့်ချက်ပေးသူ နှစ်ဦးတို့ ဖြစ်သည်။

၎င်းအပြင် နှစ်ဖက်နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ မီးရှို့မှုများအတွက် နှစ်ဖက်အဖွဲ့အစည်းများမှ ၂၈ ဦးကိုလည်း စစ်ဆေးမှုအရ အမှုနှင့်ဆက်စပ်နေသည်ဟု တွေ့ရှိပြီးဖြစ်ကြောင်း သံတွဲမြို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က မဇ္ဈိမကို ပြောသည်။

“လူသတ်မှုတွေအတွက် ဖြောင့်ချက်ပေးတာ ခြောက်ဦးနဲ့ စစ်ဆေးပြီး ပေါ်ပေါက်လာတာက ၂၈ ဦးပါ။ ရှေ့ဆက်ပြီး ဥပဒေအရ အရေးယူသွားမှာပါ”ဟု ဦးကျော်တင့်က ဆက်လက် ပြောသည်။

ထို့အတူ အမှုနှင့်မသက်ဆိုင်သူ ငါးဦးကိုလည်း အောက်တိုဘာ ၁၄ ရက်က ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

Mizzima

No comments:

Post a Comment