Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

အကျဉ်းကျခင်ပွန်းကို မူးယစ်ဆေးဝါးများဖြင့် ဇနီးကထောင်ဝင်စာလာတွေ့



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ကသာအကျဉ်းထောင်၌ အောက်တိုဘာ ၁၅ ရက်နံနက် ၉ နာရီ အချိန်ခန့်က ထောင်ဝင်စာလာရောက်တွေ့သူ အမျိုးတစ်ဦးထံမှ ဘိန်းမဲဟု ယူရသော မူးယစ်ဆေးဝါး (၁၅) ထုပ်အား ထောင်စာ ဌာနမှ စိစစ်တွေ့ရှိရသဖြင့် ကသာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူလိုက်သည်။

အဆိုပါ ဘိန်းမဲဟုယူဆရသော မူးယစ်ဆေးဝါးများသည် ထောင်ဝင်စာတွေ့ဆုံရာတွင် ပေးရန်ယူဆောင်လာခဲ့သည့် ငပိကြော်ဘူးအတွင်း၌ ပလပ်စတစ်အိတ်ဖြင့် ထုတ်၍ထည့်ကာ ယူဆောင်လာသည်ကို အကျဉ်းထောင်မှ တာဝန်ရှိ တချို့နှင့် ကသာမြို့မ ရဲစခန်းမှ ဒု-ရဲအုပ်ဌေးဝင်းနှင့် အဖွဲ့တို့မှ စိစစ်တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။

ထိုစဉ်က အကျဉ်းထောင် မှတ်တမ်းများအရ ထောင်ဝင်စာတွေ့ဆုံရန် စာရင်းပေးသွင်းထားသည့် ဧည့်စာရင်း မှတ်တမ်းတွင် ကောလင်းမြို့နယ်၊ နတ်တောင်ကျေးရွာနေ မ..... ဆိုသူမှ မူးယစ်ဆေးဝါးမှုခင်း ကိစ္စြဖင့် ပြစ်ဒဏ် ခုနစ်နှစ် အကျဉ်းကျခံနေရသည့် ခင်ပွန်းဖြစ်သူကို တွေ့ဆုံရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုခင်းကိစ္စဖြင့် ဖမ်းဆီးခြင်းမခံရမီက ၎င်းတို့၏ နေအိမ်အောက်ထပ်၌ မြေကြီးတွင်းတူး ၍ မြှုပ်နှံသိမ်းဆည်းထားခဲ့သည့်မူးယစ်ဆေးဝါးများဖြစ်ကြောင်း သူမက သက်ဆိုင်ရာသို့ ပြောပြခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အကျဉ်းကျ ခင်ပွန်းသည်ကို ဘိန်းမဲဟုယူဆရသော မူးယစ်ဆေးဝါးများနှင့် ထောင်ဝင်စာတွေ့သူ မ----ဆိုသူအား ကသာမြို့မ ရဲစခန်း၏ မူးယစ်(ပ) ၂၃/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅ /၁၆(ဂ) အရ အမှုဖွင့် အရေးယူခဲ့ပြီး ထိုအမှုအား ဒု-ရဲအုပ် သန်းထွန်းဆိုသူမှ ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါး မှုခင်းကိစ္စဖြင့် အကျဉ်းခံနေရသူ လူတချို့သည် မူးယစ်ဆေးစွဲပြဿနာကို မဖြတ်နိုင်သေးသည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်သုံးစွဲနေသူတချို့ကို ယခင်က မြင်တွေ့ခဲ့ရသည်ဟုကသာ အကျဉ်းထောင်မှ ပြစ်ဒဏ်ကုန်ဆုံး၍ ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသားဟောင်းတချို့က ပြောပြသည်။

ကိုတိုးကြီး
Mizzima - News in Burmese

No comments:

Post a Comment