Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

တွေ့ မရှောင် VS ခရွန်(ထိုင်း)


Min Ko Aung commented on တွေ့မရှောင် နှင့် ခရွန်(ထိုင်း)

မြန်မာ လက်ဝှေ့ နဲ့ မွေထိုင်းကွာတာ အဲဒါပဲ ။ ထိုင်းလက်ဝှေ့ သမားတွေဟာ သူတို့လက်ဝှေ့ ထုံးစံအတိုင်း အမှတ်ရဖို့ ပဲ အာရုံစိုက်ကြတယ် ။ အမှတ်များများရနိုင်တဲ့ တိုက်ကွက်တွေကိုသုံးတယ်။အလဲထိုးနိုင်ဖို့ ကို သိပ်အလေးမထားဘူး ။ မွေထိုင်းလက်ဝှေ့ ပွဲတွေကို ကြည့်ရင် အများစုက အမှတ်နဲ့ပဲဆုံးဖြတ်ကြရတာက်ုတွေ့ ကြမှာပါ။ မြန်မာလက်ဝှေ့ စိန်ခေါ်ပွဲတွေမှာတော့ အလဲထိုးနိုင်မှ အနိုင်ရမှာပါ ။ အခုပွဲမှာတော့ အလွတ်တန်းပွဲမို့ လူကောင်ကွာနေတာဖြစ်ပါလိမ့်မယ် ။ ထိုင်းလက်ဝှေ့ သမားဟာ အမှတ်ရနိုင်တဲ့တိုက်ကွက်တွေကို အဓိက အသုံးပြုသွားတယ် ။လူချင်းမပူးနိုင်အောင် ထောက်ခြေနဲ့ကန်တယ် ။ အောက်ခြေကို ဖြတ်သိမ်းတယ် ။ လူချင်းအပူးမှာ တံတောင်နဲ့ ရိုက်တယ် ။ကြည်လိုက်ရင်တော့ တွေ့ မရှောင်ဖင်ထိုင်လဲတာကို တွေ့ ရပေမယ့် တကယ်တော့ ထင်သလောက် အထိမနာစေပါဘူး ။ တွေ့ မရှောင်က မျက်နှာကို မထိုးပဲ သက်လုံကျစေပြီး အထိနာစေတဲ့ နံကြားနဲ့ ၀မ်းဗိုက်ကို အဆက်မပြတ်ထိုးတဲ့အတွက် ထိုင်းလက်ဝှေ့ သမား ခဏလေးနဲ့ သက်လုံကျသွားပြီး ရှုံးသွားတာပါ ။ ထိုင်းလက်ဝှေ့ သမားရဲ့ အမှားကတော့ တွေ့ မရှောင်ကို လက်သီးချင်းဆိုင်ထိုးခဲ့မိတာပါပဲ ။ အဲဒီမှာ တွေ့ မရှောင်ရဲ့ ဗျူဟာမှန်ခဲ့ပြီး သူ့ စိတ်ကြိုက် နံကြား နဲ့ ရင်ညွန့် တွေကိုအဆက်မပြတ်ထိုးခွင့်ရသွာပြီး အနိုင်ယူသွားပါတယ် ။ ဂုဏ်ယူပါတယ် တွေ့ မရှောင်....။

I agreed with u bro.

Admin - Liger


ပွဲစီစဉ်သူတွေပြောထားတဲ့အတိုင်းမဟုတ်ဘဲ အလွန်မမျှတတဲ့ ၀ိတ်တန်းနဲ့မလွှဲမရှောင်သာ
ရင်ဆိုင်ခဲ့ရတဲ့ မြန်မာ့သူရဲကောင်းတွေ့မရှောင်ဟာ သူ့ထက်သာတဲ့အားအင် သူ့ထက်မြင့်တဲ့
ပညာရည်နည်းစနစ်များကြောင့် ထိုးတိုင်းထိ တိုက်တိုင်းနာ ကန်တိုင်းလွင့်နေရာက တဖက်
ကထိုင်းလက်ဝှေ့သမားကို ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်အနိုင်ယူခဲ့သလဲဆိုတာ အောက်ပါလင့်ခ်
မှာဝင်ရောက်အားပေးစေချင်ပါတယ်ခင်ဗျ ။ Thai Fighter နည်းစနစ်သာတယ် ခွန်အားသာတယ် အကောင်မမျှဘူး
ဝိတ်တန်းချင်းယှဉ်ရင်တော့ ၆၃ကီလို နှင့် ၇၅ကီလို လောက်ရှိမှာပါ ။
သတ္တိနဲ့ ကြံ့ခိုင်မာကျောမှုကို တန်းညှိလိုက်တဲ့ခါမှာတော့
ဖင်ထိုင်ကျသွားတဲ့ ထိုင်းကို တွေ့မရှောင်ဘယ်လိုယှဉ်ခဲ့လဲဆိုတာ
ရင်တဖိုဖိုရှုစားနိုင်ပါပြီ ။ ပွဲအစမှာ ခုံဒိုင်နဲ့သက်ဆိုင်ရာလူကြီးမင်းပရိသတ်
များကို ဂါရ၀ပြုဦးချသွားတဲ့ တွေ့မရှောင်ရဲ့ ထိခြင်းငါးပါးနဲ့ ယဉ်ကျေးမှုမြင့်မားသောအကျင့်
စရိုက်ကိုလည်း လေ့လာနိုင်ပါတယ် ။ လူပြောများစရာဖြစ်ခဲ့ပေမယ့် တွေ့မရှောင်
ရဲ့ အနိုင်မခံ သတ္တိကြောင့်ပဲ မြန်မာတို့ရဲ့ ဂုဏ်သတင်းပျံ့သင်းနေ
ဦးမှာပါလို့ ပြောရင်း........မြန်မာ့ဂုဏ်ဆောင် တွေ့မရှောင်
ဆိုတာ သူပါပဲ ပရိသတ်တို့ရေ.......။

admin >> mokn

No comments:

Post a Comment