Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

US နည်းပညာ ပစ္စည်း နောက်ကွယ်မှာအမေရိကန် ထောက်လှမ်းရေးတို့ ရှိနေလား

US agentဒီတစ်လော အမေရိကန် FBI, NSA, CIA တို့ရဲ့  သတင်းဆိုးတွေ ကြားမကောင်းအောင် ထွက်နေပါတယ်။ အဓိက ကတော့ သတင်းအချက် အလက် ခိုးယူခြင်းနဲ့ ပက်သက်တဲ့ သတင်းတွေပါ။
CIA က အေးဂျင့်ဟောင်းတစ်ယောက် လုပ်ရပ်ကြောင့် ကမ္ဘာ့နိုင်ငံရေး လူမသိသူမသိ သတင်းတွေ နေရာစုံ ရောက်နေပါတယ်။ NSA ကတော့ ကုလ သမဂ္ဂ ရုံး အဆောက်အအုံထဲက လုပ်သမျှအစည်းအဝေးမှတ်တမ်း၊ ဗီဒီယို၊ အော်ဒီယိုများ ခိုးယူခဲ့မှုကြောင့် ဘရာဇီးနဲ့ ဥရောပနိုင်ငံတို့ရဲ့  တရားစွဲ အရေးယူမှုကို ခံနေရ ပါတယ်။ FBI ကတော့ လက်တလော သတင်းအရ Microsoft နဲ့ ပက်သက်ပြီး ဖြေရှင်းရမယ့် Encryption Software ပြဿနာ ရှိနေပါတယ်။
FBI ကိစ္စက ဒီလိုပါ။ Microsoft တို့ ၂၀၀၅ ခုနှစ်က စတင် ထုတ်လုပ် ဖြန့် ချိတဲ့ Bitlocker အမည်ရ လုံခြုံရေး ဆော့ဖ်ဝဲ တစ်ခုမှာ Backdoor ပါနေတာ ဘယ်သူမှမသိခဲ့ပါဘူး။ သို့ပေမယ့် FBI က သိရှိပြီး အသုံးချနေတာ အတော်ကြာပါပြီ။ ဒါကြောင့် Microsoft ကို Software နောက်ဝင်ပေါက်၊ အားနည်းချက် တစ်ခု ထားရှိဖို့ FBI က စေခိုင်းတယ်လို့တောင် ပြော ဆိုနေကြပါပြီ။ ဒီအတွက် သတင်းမီဒီယာတို့ ဖြေရှင်းချက် တောင်းပေမယ့် ယနေ့အထိ ကုမ္မဏီ ဘက်ကော၊ FBI ကပါ ငြင်းဆန်နေဆဲပါပဲ။
နောက်ထပ်ပြီးတော့ NSA သတင်း ထပ်ထွက်လာပါတယ်။ iPhone, Blackberry နဲ့ အမေရိကန်ပြည်တွင်းထွက် Android ပစ္စည်းတွေထဲက သတင်းအချက်လက်နဲ့ Data အားလုံးကို NSA က ဝင်ရောက် ရယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေရိကန် သံရုံးတိုင်းမှာ DCS လို့ခေါ်တဲ့ Data Collection Service နည်းပညာ အသုံးပြုလျက် ရှိတယ်လို့ Mashable ဆိုဒ်က ဆိုထားပါတယ်။ ယင်း DCS ဆော့ဖ်ဝဲနဲ့ ဆက်သွယ်ရေး စနစ်ကြောင့် နိုင်ငံတကာက ရသမျှ သတင်းအချက်အလက်များကို အမေရိကန်မှာအခြေဆိုက်တဲ့ ထောက်လှမ်းရေး အေဂျင်ဆီများရဲ့  Server သို့ Up to Date တိုက်ရိုက်ပို့ပေးနိုင်ကြောင်း ဆိုပါတယ်။
ဒီတော့ နည်းပညာရှင်နဲ့ နိုင်ငံရေးသမားများရဲ့ ခန့်မှန်းချက်များအရ အမေရိကန်ပြည်တွင်းထွက်တဲ့ နည်းပညာ ပစ္စည်းတိုင်းဟာ အမေရိကန် ထောက်လှမ်းရေးသမားများအတွက် သတင်းအချက်အလက် အလွယ်တကူ ရယူလို့ရတဲ့ ပစ္စည်းများ ဖြစ်ကြောင်း ဆိုပါတယ်။ ISP, Agent နဲ့ Production ကုမ္မဏီများနဲ့ တိုင်ပင်ညှိနှိုင်းပြီး နည်းပညာ ပစ္စည်းများမှာ လျှို့ ဝှက်ဝင်ပေါက်ခေါ်တဲ့ Backdoor ထားရှိခြင်း၊ Password, Passcode နဲ့ Spyware များ ရရှိခြင်းတို့ကြောင်း ဆိုပါတယ်။
ဒီလိုဆိုရင် အမေရိကန်မှာ မျက်နှာမလွဲပဲ တရားဝင်ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိနေပါပြီ။ ကမ္ဘာပေါ်မှာ လက်ရှိ အသုံးပြုနေတဲ့ နည်းပညာ ပစ္စည်းနဲ့  ထုတ်ကုန်အများစုက အမေရိကန်က လာတာပါ။ တရုတ်ပြည်၊ ဂျပန်၊ ကိုရီးယားက တို့က ထုတ်ပေမယ့် Network ချိတ်ဆက်ပစ္စည်းနဲ့ လူသုံးများ Software များဟာ အမေရိကန်က အများစု ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် အိုင်တီကုမ္မဏီများရဲ့ နောက်ကွယ်မှာ အမေရိကန်ထောက်လှမ်းရေးများ ရှိနေမလားဆိုတာ ဖြေရခက်တဲ့ မေးခွန်းဖြစ်လာပါတယ်။ စာဖတ်သူတို့ ထင်မြင်ချက်များကိုလည်း မျှဝေပေးနိုင်ပါတယ်။
.
Ref:wiki, Masable, Guardian, Dailymail

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment