Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

ရန်ကုန်- စင်ကာပူခရီးစဉ် တစ်ကြောင်းလျှင် ၃၉ ဒေါ်လာဖြင့် ပျံသန်းပေးမည့် Tiger Air လေကြောင်း




ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ ခရီးစဉ် တစ်ကြောင်းလျှင် အမေရိကန် ဒေါ်လာ ၃၉ ဒေါ်လာဖြင့် (အခွန်နှင့် အပိုကြေးငွေမပါ) စင်ကာပူအခြေစိုက် Tiger Air လေကြောင်းလိုင်းမှ စက်တင်ဘာ ၁ဝ ရက်မှ
၁၆ ရက်အထိ အထူးနှုန်းထားဖြင့် စတင် ပျံသန်းပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Tiger လေကြောင်းလိုင်းမှာ စင်ကာပူ၊ သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အစရှိသော အာဆီယံနိုင်ငံများတွင် Air bus A-320 family လေယာဉ်ကြီး ၄၅ စင်းဖြင့် ဝန် ဆောင်မှုများ ပေးနေသည့် လေကြောင်းလိုင်း တစ်လိုင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ခရီးသွား ဧည့်သည်များ အပန်းဖြေ လေ့လာစရာတွေ များပြားတဲ့အတွက် ပြည်ပဧည့်သည်များက စိတ်ဝင်စားကြတယ်။ အဲဒါကြောင့် နှစ်နိုင်ငံစီးပွားရေး ပိုမိုတိုးတက်စေရန် ဒီလိုလေကြောင်း လိုင်းသစ်ကို တိုးချဲ့ရတာပါ''ဟု ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူ Mr. Knigge ကပြောသည်။

ရန်ကုန်မှ စင်ကာပူသို့ နေ့စဉ်ပျံသန်း ပြေးဆွဲပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အာရှဒေသရှိ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာမည့် နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်တော့မည် ဖြစ်ကြောင်းနှင့် ပုံမှန် လေယာဉ်နှုန်းထားများမှာ အမေရိကန် ဒေါ်လာ ၈ဝ မှ ၁ဝဝ ကြားထိ ရှိကြောင်းကို Park Royal Hotel၌ ယနေ့ပြုလုပ်ခဲ့သော လေကြောင်းလိုင်းသစ်မိတ် ဆက်ပွဲတွင် အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောခဲ့သည်။

ယင်းသို့ လေယာဉ်ခရီးသွားနှုန်း ထားများကို ပုံမှန်ထက်လျှော့ကာ ဝန်ဆောင်မှုများ ပေးနေခြင်းကြောင့် ပြည်ပခရီးသွားများမှာ မြန်မာနိုင်ငံသို့ အခြားနိုင်ငံများ ထက်စာရင် ပို၍ စိတ်ဝင်စားကာ လာရောက်ကြမည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးခိုင်က ပြော သည်။

မြ၀တီ

No comments:

Post a Comment