Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 4, 2013

ကုလကို စပိုင်လုပ်သော အမေရိကန် NSA ကို တရားစွဲပြီ

ကုလသမဂ္ဂရုံး ကို အမေရိကန်မှာ ရုံးစိုက်ထားတာ မှားပြီလားလို့တောင် ထင်နေကြပါပြီ။ ဘာလို့လဲဆို ရုံးက သတင်းအချက်အလက်ခိုးယူမှု လုပ်ရပ်ပေါင်း ၄၆၀ ကျော်မက ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး NSA တို့က ပြုလုပ်တာပါ။

UN ရုံးက အစည်းအဝေးခန်းတွေတိုင်းမှာတပ်ထားတဲ့ ကင်မရာ၊ အသံဖမ်း စက်၊ ကွန်ပြူတာစနစ်၊ အင်တာနက် စနစ် အစရှိသဖြင့်တို့ကို သာမန် နည်းပညာရှင်တောင် ထောက်လှမ်းလို့မလွယ်နိုင်တဲ့ နည်းပညာနဲ့ ခိုးယူခဲ့ လို့ ဖြစ်ပါတယ်။ ယင်းနည်းပညာကို တပ်ဆင်တုန်းကလည်း အမေရိကန်က နည်းပညာကုမ္မဏီများကပဲ တပ်ဆင် ထားတာပါ။ Special Collection Service စနစ်နဲ့ ရုံးမှာ ပြောသမျှ၊လုပ်သမျှ အစည်းအဝေး မှတ်တမ်းတွေ အားလုံးကို NSA က ဆာဗာ တစ်ခုတည်းကို ရောက်ရှိစေပြီး သတင်းအချက် အလက်များကို နေ့စဉ် ပုံမှန် စားသုံးနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ အမေရိကန်ဟာ အများထပ် တစ်ဘန်းသာတဲ့ သတင်းအချက် အလက် တို့ ရှိနေပြီး နိုင်ငံရေးနဲ့ စီးပွားရေး လှုပ်ရှားမှုတိုင်းမှာ သာနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် NSA ထောက်လှမ်းရေးအဖွဲ့ကို ဥရောပ EU အဖွဲ့ကလည်း စတင် တရားစွဲ ပါပြီ။ အထူးသဖြင့် ဥရောပ နိုင်ငံတွင်းက သတင်းအချက်အလက် များကို ပိုမို ခိုးယူခဲ့ခြင်းကြောင့်ပါ။ အမေရိကမှာဆိုရင်လည်း ဘရာဇီးက အမေရိကန်ကို ယင်းအတွက် ဘယ်လိုပြန်ပေးဆပ်မယ်ဆို တာကို တောင်းဆိုနေပါတယ်။ NSA, FBI, CIA ယင်း အုပ်စုများဟာ ကမ္ဘာ့သတင်းအချက်အလက်ခိုးယူ မှုများပြုလုပ်နေ တဲ့အဖွဲ့လို စွပ်စွဲတဲ့အထိ အီးယူ အဖွဲ့မှာ ပြောဆိုမှ ပြင်းထန်လာပါတယ်။

ယင်းအမှုအတွက် အမေရိကန်တို့ ဘယ်လို ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကို စောင့်ကြည့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:cnn
Aung Kham (TSJ team)
TechSpace Journal

No comments:

Post a Comment