Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

လေဒီဂါဂါရဲ့ တေးရေး ဆရာမဆီက သီချင်းတစ်ပုဒ်ရခဲ့တဲ့ Me & Ma Girls အဖွဲ့



Power Music Production နဲ့ တစ် နှစ် စာချုပ်ချုပ်ဆိုပြီး ဂီတအနု ပညာကို ပုံ ဖော်နေတဲ့ Me & Ma Girls အဖွဲ့က အမေရိ ကန်နိုင်ငံလော့စ် အိန် ဂျလိစ်မြို့မှာ ဇူလိုင်လ ၁ဝ ရက်နေ့ကနေ သြဂုတ်လ ၂၇ရက် နေ့ အထိတစ်လကျော်ကြာ ဂီတအ လုပ်တွေလုပ်ခဲ့ပြီးမြန်မာနိုင်ငံကို ခဏ ပြန်လည်ရောက်ရှိလာကာ စက်တင် ဘာ ၈ရက်နေ့မှာ မြန်မာနိုင်ငံ က နေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ တစ်လ ကျော်ကြာကာလအတွင်း သွင်းဖြစ်ခဲ့ တဲ့သီချင်းတွေအကြောင်း ကို Me & Ma Girls အဖွဲ့မှ အမွန်းက "သီချင်း အသစ်က စုစုပေါင်း ၃ပုဒ်သွင်းခဲ့ တယ်။ 'မင်္ဂလာပါ' ကို ဗားရှင်းအသစ် လိုပြောင်းပြီးလုပ်ထားတော့၎ပုဒ်ပေါ့။ Girls Strong ရဲ့ Music Video ရိုက်ခဲ့တယ်။ သီချင်းသွင်းခဲ့တဲ့ စတူ ဒီယိုတွေကတော့ အစုံပါပဲ။ အဲဒီထဲ မှာ Paramout Studio လည်းပါ တယ်။ လေဒီဂါဂါရဲ့ သီချင်းရေး ဆရာမ Wendy ကကျွန်မတို့နဲ့ အတူ ကူညီပြီးတော့ လက်တွဲအလုပ် လုပ်တယ်။ ပရိုဂျူဆာနဲ့လည်း ရင်းနှီး တယ်ဆိုတော့ စကားပြောဖြစ်ပြီး လုပ်ဖြစ်သွားတာပါ။ Standing On the Sand က သူရေးပေးထားတာပါ။ အဲဒီသီချင်းကို လေယာဉ်ပေါ်မတက် ခင်သွင်းခဲ့ကြတယ်။ ကင်မီက အဓိက ဆိုထားတယ်။ အခုထပ်သွားမှာ သီချင်းတွေသွင်းဖို့နဲ့ မြူးဇစ်ဗီဒီယို ထပ်ရိုက်ဖို့ပါပဲ။ Vocal training အနေနဲ့က Jewel ဆိုတဲ့Musician ဆီမှာသင်ခဲ့တယ်။ အများကြီးလည်း ပညာရခဲ့ပါတယ်" လို့ ပြောပါတယ်။

သီချင်းသွင်းတဲ့အခါမှာလည်း Vocal Trainner နဲ့အသံကိုလေ့ကျင့် ရကြောင်း၊ ထရိန်နင်တွေများများ လုပ်ရတဲ့အတွက် သီချင်း ဆိုရတဲ့အခါ အထောက် အကူများစွာဖြစ်ကြောင်း ကို Me N Ma Girls အဖွဲ့မှထိုက်ထိုက်က..

"ထရိန်နင်က ထိုက်ထိုက်တို့ စရောက်ကတည်းကမနားရဘူး။ ထရိန်နင်တွေစလုပ်ရတယ်။ လေယာဉ် ကလည်း ၁၈နာရီ စီးလာ ရတာဆို တော့ မနားရဘူး။ ကိုယ့်နိုင်ငံမှာ ဆို ရင်တော့ သေချာပေါက် နားဖြစ်မှာ။ သူတို့နိုင်ငံမှာကျတော့ စရောက်က တည်းက အလုပ်စလုပ်ရတယ်။ စစ ချင်းတော့ တအားဒေါသထွက်တယ်။

စာနာစိတ်မရှိဘူးလို့ထင်တယ်။ နောက် ပိုင်းကျတော့မှ သူတို့ဒီလိုလုပ်ခိုင်း တာတွေဟာ တအား တန်ဖိုးရှိမှန်းသိ သွားတာ။ ပြန်ခါနီး ၂ ရက်အချိန် အထိ နားရမယ်ထင်နေတာ။ မနားရ ဘူး။ အဲဒီအတွက် အကျိုးရလဒ်က ဒီကိုရောက်လာတဲ့အခါမှာ တအား ကို ခံနိုင်ရည်ရှိလာတယ်။ နောက်ပြီး အသားအရေတွေက ကျစ်လျစ်လာ တယ်။ နေလို့၊ ထိုင်လို့ ကောင်းလာ တယ်" လို့ ပြောပါတယ်။

LA မှာရှိတဲ့ မိဘမဲ့ကလေးငယ် တွေအတွက် ရန်ပုံငွေပွဲနဲ့ Jurrasic Park ဇာတ်ကားထဲကမင်းသား Geff Gold Blum ရဲ့ဖိတ်ကြားမှုနဲ့ ပြဇာတ် တစ်ခုမှာ Geff Goldblum နဲ့အတူ မင်္ဂလာပါသီချင်းကို သီဆိုခဲ့ကြောင်း ထိုက်ထိုက်ကပြောပါတယ်။

ဟောလီးဝုဒ်မှာ ကြိုးစားနေပေ မယ့် မြန်မာပရိသတ်နဲ့ လည်း အလှမ်း မကွာဝေးစေချင်တဲ့ Me N Ma Grils အဖွဲ့က မြန်မာနိုင်ငံ ရဲ့ပြယုဂ်ကို အမြဲတမ်းထင်ဟပ်နေအောင် ကြိုး စားသွားမှာဖြစ်ကြောင်း၊ သူ တို့ရဲ့ သီချင်းတွေကို လည်း ကမ္ဘာတစ်ဝန်း မှာ ဖြန့်ချိသွားမှာ ဖြစ် ကြောင်း၊ Girl Strong Music Video ထွက် ရှိလာရင်လည်း အားပေးကြစေချင် ကြောင်း ပြောပြခဲ့ပါ တယ်။

မျိုးမောင်

No comments:

Post a Comment