Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

Learning English - တွေးရခက်သော အင်္ဂလိပ်ဝေါဟာရများ - တက္ကသိုလ်ထင်ကြီး


“နားဖောက်သည်” ဟူသော မြန်မာစကားသည် “နားပျဉ်းတွင် အပေါက်ဖောက်သည်” ဆိုသော အဓိပ္ပာယ်လည်း ဆောင်သည်။ “မြန်းသည်၊ စေ့စပ်ကြောင်းလမ်းသည်” ဟူ၍လည်း အဓိပ္ပာယ်ရသည်။
ထိုအနက်နှစ်ခုမှာ ကွာခြားလျသည်။ မည်သည့်အဓိပ္ပာယ်ကိုဆိုလိုကြောင်း စကားစပ်ကိုကြည့်၍ ဆုံးဖြတ်ရသည်။
ထိုနည်းတူ အင်္ဂလိပ်စကား၌လည်း စကားလုံးတစ်လုံးတွင် ကွဲပြားသောအဓိပ္ပာယ်များ ရှိတတ် သည်။
Beam ဆိုလျှင် နာမ်အဖြစ် ယက်မဟူသောအဓိပ္ပာယ်အပြင် အလင်းရောင်တန်းဟူသော အဓိပ္ပာယ် လည်း ပေးသည်။
The hostage's hands were tied to the beam.
ဓားစာခံ၏ လက်များကို ယက်မ၌ ချည်တုပ်ထားတယ်။
They use iron beams in building a high rise.
အထပ်များစွာရှိသော တိုက်ဆောက်သောအခါ သံယက်မများကို အသုံးပြုကြသည်။
We could see the bright beam of his flash light waving around in the dark.
မှောင်ထဲ၌ ဟိုရောက်ဒီရွေ့ဖြစ်နေသော သူ၏ ထိန်လင်းသော လက်နှိပ်ဓာတ်မီးအလင်းရောင်တန်း ကို ကျွန်ုပ်တို့ မြင်ရသည်။
The teacher beamed with satisfaction when she saw the class-room tidied up as she had instructed.
အထက်ပါဝါကျ၌ beamed with satisfaction ဆိုရာ၌ beam ကို ကြိယာအဖြစ်သုံးပြီး တင်စား သည့်အဓိပ္ပာယ်ဖြင့် ကျေနပ်စွာပြုံးပြလိုက်သည်ဟု ဆိုလိုသည်။
ဆရာမသည် သူညွှန်ကြားခဲ့သည့်အတိုင်း စာသင်တန်းအခန်းကို သေသပ်သန့်ရှင်းအောင် ပြုလုပ် ထားသည်ကို တွေ့ရှိရသောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။
Our grandmother beamed a smile of welcome when we paid a visit to her.
ကျွန်တော်တို့ အဘွားထံအလည်သွားသောအခါ သူမသည် အပြုံးဖြင့် ကြိုသည်။
He beamed his flashlight at the signboard. (သူသည် လက်နှိပ်ဓာတ်မီးဖြင့် ဆိုင်းဘုတ်ကို ထိုးကြည့်သည်) ဟူ၍ ကြိယာအဖြစ်သုံးနှုန်းရာ၌ အလင်းရောင်ဖြင့် ထိုးသည်ဟု အဓိပ္ပာယ်ပေးရာမှ အသံ လွှင့်သည်၊ ရုပ်မြင်သံကြားလွှင့်သည်ဟူ၍ အဓိပ္ပာယ် ပေးပြန်သည်။
Some of the American radio stations beam their broadcasts to Havana.
အမေရိကန်အသံလွှင့်ရုံအချို့သည် ဟာဗနာမြို့သို့ သတင်းများ အသံလွှင့်ကြသည်။
Paris T.V stations beamed picture of the film festival out to Germany.
ပါရီမြို့ရှိ ရုပ်မြင်သံလွှင့်ရုံများသည် ရုပ်ရှင်ပွဲတော်သတင်းရုပ်ရှင်ကို ဂျာမနီသို့ လွှင့်ပို့သည်။
On the beam ဟူသော သုံးရိုးစကားကို “ယက်မပေါ်၌” ဟူ၍ အဓိပ္ပာယ်ကောက်၍ မရပေ။ အလင်းရောင်ဖြင့်ဖြစ်စေ၊ ရေဒီယိုအသံလှိုင်းဖြင့်ဖြစ်စေ လမ်းညွှန်ပေးသည့်လမ်းအတိုင်းလိုက်နာသည်ကို ဆို ခြင်းဖြစ်သည်။ တိုးချဲ့သောအဓိပ္ပာယ်ဖြင့် နေရာကျသည်၊ ဟန်ကျနေသည်ဟူသော အဓိပ္ပာယ်လည်း ဆောင်သည်။
Things were not so good before; it's on the beam now.
အရင်က အခြေအနေသိပ်မကောင်းခဲ့ဘူး။ အခုတော့ ဟန်ကျနေပြီ။
off beam သို့မဟုတ် off the beam မှာမူ မှားသွားသည်၊ လွဲသွားသည်ဟု အဓိပ္ပာယ်ပေးသည်။
ကျွန်တော်တို့ ထိုမော်တော်ကားဈေးနှုန်းကို မှန်းကြည့်ကြသည်။ သို့သော် ကျွန်တော်တို့ ခန့်မှန်း သည့် ဈေးမှာ မှားသည်၊ ခန့်မှန်းချက်လွဲသွားသည်” ဟု ဆိုချင်ပါက
We tried to guess the price of that car, but we were way off beam. ဟု ပြောရ၊ ရေးရပါ မည်။
နစ်တော့မလောက် တစ်ဖက်ကို သင်္ဘောတိမ်းစောင်းသွားသည်ကို on her beams' ends ဟူသော စကားရပ်ကို သုံးလေ့ရှိသည်။
When the steamer was on her beams' ends we jumped into the water.
နစ်မလောက် သင်္ဘောတစ်ဖက် စောင်းသွားသောအခါ ကျွန်တော်တို့သည် ရေထဲသို့ ခုန်ချကြ သည်။
မရှိသလောက် ငွေပြတ်သွားသည်ကို on one's beams' ends ဟူသော စကားစုဖြင့် သုံးနှုန်းလေ့ရှိ သည်။
Because we were on our beams' ends, we were forced to approach a loan shark.
ကျွန်တော်တို့မှာ ငွေလုံးဝမရှိသလောက်ဖြစ်သွားသောကြောင့် အတိုးကြီးစားတစ်ဦးထံ ချဉ်းကပ်ရပါ တော့သည်။
Broad in the beam ဆိုရာ၌ တင်တုတ် ခါးတုတ်သည်ကို ပြောခြင်းဖြစ်၏။
She is not cut out for a dancer, she is broad in the beam.
သူမသည် ကချေသည်တစ်ယောက် မဖြစ်နိုင်။ သူသည် တင်ကြီးခါးကြီးသည်။

တက္ကသိုလ်ထင်ကြီး

The Melting Pot 4 U - Learning English

No comments:

Post a Comment