Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 7, 2013

Learning English - ချီးမွန်း၊ နှစ်သိမ့်၊ ဆုတောင်းရာတွင် သုံးနိုင်သော ဝေါဟာရများ


( Credit - Soe Soe Win )

အချို့သော အခြေအနေများသည် သီးသန့်ဝေါဟာရများလိုအပ်ပါတယ်။ဂုဏ်ယူဝမ်းမြောက်ခြင်း (Congratulations!)
ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ အဓိပ္ပါယ်ရတဲ့ Congratulations ကိုတော့မင်္ဂလာဆောင်တဲ့သူတွေလုပ်ရာထူးတက်သွားတဲ့သူတွေစာမေးပွဲအောင်မြင်သူတွေသား/သမီးရတနာထွန်းကားထားတဲ့သူတွေနဲ့ တွေ့ဆုံ နှုတ်ဆက်တဲ့အခါမှာ ပြောပါတယ်။

    တော်လိုက်တာ (Well done!)

    တော်လိုက်တာဆိုတဲ့ well done ကိုတော့ စာမေးပွဲအောင်သူတွေ (သို့) အခက်အခဲတစ်ခုခု (ဥပမာရာထူးတက်ခြင်း)ကို ကျော်လွှားနိုင်သူတွေကို မိမိအနေဖြင့် သူတို့၏ လုပ်ဆောင်ချက်တွေကို နှစ်ထောင်းအားရကြောင်း ဖော်ပြလိုတဲ့အခါမှာ ပြောပါတယ်။
    မွေးနေ့များ (Birthdays)

    လူတစ်ဦးတစ်ယောက်ကို သူ့ရဲ့ မွေးနေ့မှာ နှုတ်ဆက်ရင်တော့ အများသိကြတဲ့အတိုင်းပဲ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ အဓိပ္ပါယ်ရတဲ့ Happy Birthday! လို့ပဲ ပြောကြပါတယ်။ ဒီထက်ပိုပြီး ခန့်ညားချင်ရင်တော့ Many happy returns! လို့လည်း ပြောနိုင်ပါတယ်။
    မှတ်ချက်။ ဗြိတိန်နိုင်ငံမှာတော့ တချို့မွေးနေ့တွေဟာ တခြားမွေးနေ့တွေထက်ပို၍ ထူးခြားပါတယ်။ ၁၈ နှစ်ပြည့်တဲ့ သူ့ကို တရားဝင်အရွယ်ရောက်သော သူ (adult)အဖြစ် သတ်မှတ်တဲ့အတွက် ၁၈ နှစ်မြောက် မွေးနေ့သည် တခြားသောမွေးနေ့များထက် ထူးကဲပါတယ်။ ယခင်တုန်းကတော့ တရားဝင်အရွယ် ရောက်တာကို အသက် ၂၁ နှစ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့အထိ ၂၁ နှစ်မြောက် မွေးနေ့ကို ငွေသော့ (silver key)ကို လက်ဆောင်အဖြစ် ပေးခြင်းဖြင့် ထူးထူးခြားခြား ကျင်းပကြပါတယ်။
    စာမေးပွဲ (သို့) အခက်အခဲတစ်ခုခုမတိုင်မီ (Before an exam or something difficult)

    အခက်အခဲတစ်ခုခုမတိုင်မီ လူတစ်ဦးတစ်ယောက်ကို တွေ့ဆုံ နှုတ်ဆက်ရင်တော့ Good luck! (ကံကောင်းပါစေ) လို့ ဆန္ဒပြုပေးနိုင်ပါတယ်။ ဒါပေမဲ့ တချို့သော သူများက အယူသည်းပြီး အဲဒီလို ဆုတောင်း ပေးရင် ဆန့်ကျင်ဘက်အကျိုးသက်ရောက်တတ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် အဲဒီ အစား တချို့ကလည်း Break a leg! (ခြေတစ်ဖက်ကျိုးပါစေ)လို့ ပြောကြပါတယ်။ ဒီလိုပြောပေမဲ့လည်း အဓိပ္ပါယ်ကတော့ ကံကောင်းပါစေလို့ ဆုတောင်းပေးတာပဲဖြစ်ပါတယ်တဲ့။ တစ်စုံတစ်ယောက် ကိစ္စတစ်ခုခုကို မအောင်မြင်ခဲ့ဘူးဆိုရင်တော့ Bad luck! (ကံတရားပေါ့)လို့ပြောပြီး နှစ်သိမ့်နိုင်ပါတယ်။
    ဆုတောင်းမင်္ဂလာပြုခြင်း (Toasting)

    ပါတီပွဲတွေ၊ တွေ့ဆုံပွဲတွေမှာ ပျော်ရွှင်စရာကောင်းတဲ့အခါသမယကို ဂုဏ်ပြုတဲ့အနေနဲ့ ယမကာကို သောက် ရင်း ဆုတောင်းမင်္ဂလာပြု (drink a toast) ကြပါတယ်။ အဲဒီလို ဆုတောင်းမင်္ဂလာပြုတဲ့အခါ အောက်ပါ အသုံးအနှုန်းတို့ကို သုံးနိုင်ပါတယ်။
Here’s to …(..………တို့အတွက်)
    Let’s drink to ……….…(…..တို့အတွက် ဆုတောင်းပေးကြရအောင်။)
    Ladies and gentlemen, "The Bride and groom". (ဧည့်သည်တော်များခင်ဗျား သတို့သားနဲ့ သတို့သမီးတို့အတွက်ဖြစ်ပါတယ်။)
    Please raise your glasses to…..………..( …………….တို့အတွက် ကျေးဇူးပြု၍ ယမကာခွက်များကို မြှောက်ကြပါ။)
    စာမေးပွဲအောင်မြင်သူထံ စာရေးသားခြင်း (writing to someone who has passed an exam)

    စာမေးပွဲအောင်ခဲ့တဲ့သူတစ်ယောက်ထံ ကတ်ပြား (card) သို့မဟုတ် စာရေးပို့မယ်ဆိုပါက ထည့်ရေးနိုင်မဲ့ အသုံးအနှုန်းအချို့ကို ဖော်ပြလိုက်ပါတယ်။
Well done!. It’s a fantastic result. (တော်လိုက်တာ! အင်မတန်မှ ကောင်းတဲ့ ရလဒ်ပါပဲ)
    Congratulations on passing! You deserve it after so much hard work. (စာမေးပွဲအောင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီလောက် ပင်ပင်ပန်းပန်းကြိုးစားလာပြီးတော့မှ အောင်ထိုက်ပါတယ်။)
    မင်္ဂလာဆောင်ဂုဏ်ပြုကတ်ပြားရေးသားခြင်း (Writing wedding cards)

    မင်္ဂလာဆောင်ဂုဏ်ပြုကတ်ပြားရေးပို့တဲ့အခါ အသုံးပြုနိုင်သော အသုံးအနှုန်း နှစ်မျိုးလောက်ကို ဖော်ပြလိုက်ပါတယ်။
Congratulations! Wishing you many happy years together. (ဂုဏ်ယူဝမ်းမြောက်မိပါတယ်! နှစ်ဦးသားအတွက် ပျော်ရွှင်စရာ နှစ်ပေါင်းများစွာ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)
    Wishing you the best of luck in your future. (သင်တို့ရဲ့ အနာဂတ်ဟာ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။)
    စိတ်မကောင်းစရာကောင်းတဲ့ အခြေအနေမျိုး၌ စာရေးသားခြင်း။ (Writing in sad situations)
    ခက်ခဲတဲ့အခြေအနေကို ကြုံတွေ့နေသူတစ်ဦးဦးထံ စာရေးပါက-
I was sorry to hear that…… (…………ကို ကြားရတဲ့အတွက် လွန်စွာမှ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။)ဆိုတဲ့အသုံးအနှုန်းကို ထည့်ရေးနိုင်ပါတယ်။
မကြာသေးခင်ကမှ ကွယ်လွန်သွားသူတစ်ယောက်၏ ဆွေမျိုးတွေဆီကို စာရေးတာဖြစ်ပါက-
I was deeply saddened to hear….. (……ကို ကြားရတဲ့အတွက် များစွာ ၀မ်းနည်းမိပါတယ်)
    Please accept my deepest condolences on the death of…..(……ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်၏ နက်ရှိုင်းတဲ့ ၀မ်းနည်းစကားကို လက်ခံပေးစေလိုပါတယ်)ဟု ရေးသားနိုင်ပါတယ်။
    မှတ်ချက်။ ။ I အစား We ကို အသုံးပြုနိုင်ပါသည်။
    ဥပမာ - We were very sorry to hear that……………
    ( ယခုဆောင်းပါးကို ဖတ်ပြီးသွားလို့ သင့်အတွက် အကျိုးတစ်စုံတစ်ရာရတယ်ဆိုရင်....အောက်မှာ ရှိနေတဲ့
    ကြော်ငြာ လင့်ကို တစ်ချက် ကလစ်ဝင်ပေးခဲ့ပါ )။

No comments:

Post a Comment