Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

Google တို့ စတင်ရာ ဂိုဒေါင်


ပြီးခဲ့တဲ့ သောကြာ နေ့ က Google တို့ ကုမ္မဏီ ၁၅ နှစ် ပြည့် အခမ်းအနား ကို ဂိုဒေါင်လေး တစ်ခု မှာ ကျင်းပ ခဲ့ ပါတယ်။ နယ်နယ် ရရ ဂိုဒေါင် တော့ မဟုတ် ပါဘူး။ လက်ရှိ ကမ္ဘာ့ အကြီးဆုံး အိုင်တီ ကုမ္မဏီ ကြီး တစ်ခု ဖြစ်လာ ဖို့ အတွက် လယ်ရီပေ့ နဲ့ ဆာဂျီဘင်း တို့ အစပြု ခဲ့တဲ့ ဂိုဒေါင်လေး ဖြစ် ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် Menlo Park နားက သူငယ်ချင်း တစ်ယောက် ရဲ့  အိမ်မှာ ပါ။ Search Engine အတွက် Server ကို လည်း အဲ့ ဂိုဒေါင်မှာ ပဲ တစ်ခါတည်း တည်ထား ခဲ့ခြင်း ဖြစ် ပါတယ်။

ယနေ့ ချိန် မှာတော့ ဂိုဒေါင် မှာ ဘာမှ မလုပ်ပါဘူး။ Google ကတော့ အမှတ် တရ လေး ဖြစ်ေ အာ င်၊ အိမ် ကိုရော၊ ဂိုဒေါင် ကိုရော ဝယ်သိမ်း ထား ပါတယ်။ ၁၅ နှစ်ပြည့် အထိမ်း အမှတ် ပွဲငယ်လေး ကိုလည်း အဲ့ဒီ ဂိုဒေါင် မှာပဲ ကျင်းပ ခဲ့ ပါတယ်။ ပွဲမှာ Google ရဲ့  သမိုင်း ကြောင်းများ ပြောဆို ပြီး ကိတ်မုန့် ခွဲခြင်း၊ စားသောက် ခြင်း တို့ ပြုလုပ် ခဲ့ကြောင်း သိရ ပါတယ်။

Aung Kham (TSJ Team)
http://mashable.com/2013/09/27/google-garage-anniversary/

No comments:

Post a Comment