Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2013

ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံး

ပခုက္ကူ၊ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရွှေချောင်းတံတား အလယ်တွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်က ပခုက္ကူမြို့မှ မန္တလေးသို့ ပြေးဆွဲသော ကံပြည့်မန်း ခရီးသည်တင်ယာဉ်က မော်တော်ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ရာ ဆိုင်ကယ်၏ နောက်၌ စီးနင်းလိုက်ပါလာသည့် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပခုက္ကူမြို့ မြို့မလမ်းတွင် အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ကံပြည့်မန်း ခရီးသည်ယာဉ်သည် အနောက်မှအရှေ့သို့ မောင်းနှင်လာသော ဦးအောင်ကျော်မိုး၏ ၁၂၅ ဆိုင်ကို ဝင်ရောက် တိုက်မိရာ ဆိုင်ကယ်၏နောက်၌ စီးနင်းလိုက်ပါလာသည့် မစန်းယုနွယ် (၂၈) နှစ်သည် ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာများဖြင့် ပခုက္ကူမြို့ ပြည်သူ့ဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်း၏ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မော်တော်ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်ကျော်မိုးမှာလည်း လက်ဖျံရိုးကျိုး၍ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာများဖြင့် ယင်းဆေးရုံ၌ပင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကံပြည့်မန်း မော်တော်ယာဉ်မောင်း ဦးအောင်မိုးကို ယာဉ် (ပ) ၃၄၊၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ (က) ဖြင့် အမှုဖွင့်ဆောင်ရွက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment