Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 23, 2013

ဒါရိုက်တာ ဝိုင်းနဲ့ နှစ်နှစ်ကျော်ကြာမှ ပြန်လည် ဆုံဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က ဖွေးဖွေး၊ ဒါရိုက်တာ ဝိုင်းတို့နဲ့ Vampire ဆိုတဲ့ ဇာတ်ကားကို  ရိုက် ကူးနေ ပါတယ်။ ဒီဇာတ်ကား မှာတော့ ဒါရိုက် တာဝိုင်းနဲ့နှစ်နှစ်နီးပါး မဆုံတာကြာပြီ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် တို့ပြန်လည်ဆုံပြီး ရိုက်ကူး တာဖြစ်ပါတယ်။
ဒီ လိုပြန်ဆုံတဲ့ အခါ ဒါရိုက်တာဝိုင်း ရဲ့ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့ " ဒီဇာတ် လမ်းရဲ့ဇာတ်ကွက်လေးတော့ ဒိုင်ယာလော့ခ် လေးရော ကြိုက်တယ်။ အခုရိုက်ရင်း နဲ့ကိုယ့်ကိုယ် ကိုယ်ကျေနပ် နေတာ။ ကျွန်တော် ဒါရိုက် တာကိုဝိုင်းနဲ့ ကားမရိုက်ဖြစ် တာနှစ်ချီနေပြီ။နှစ်နှစ်လောက် တောင် ရှိမယ်ထင်တယ်။ "သစ္စာ စောင့်နတ်သမီး" ပြီးကတည်းက မရိုက်ဖြစ်ခဲ့တာ။ ကျွန်တော်တို့ နှစ်ယောက် အရင် ရိုက်ဖူးတဲ့ ကားတွေကလည်း ကျွန်တော်ရော၊ ပရိသတ်ရော စိတ်ကျေ နပ်တယ်။
အောင်မြင်တဲ့ ကား တွေ ဖြစ်ခဲ့တော့ ဒီကားကိုလည်း အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ ဒီဇာတ်လမ်း အကြောင်းပဲ စိတ်နှစ်ပြီးရိုက် ထားတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဆိုတာ သရုပ်ဆောင်က လက်အောက် ငယ်သား၊ ဒါရိုက်တာက အထက်အရာရှိပေါ့။ အဲဒီတော့ငယ်သားက အထက် အရာရှိကို ကောင်းတယ်၊ ဆိုးတယ် ဘယ်သိပ်ဝေဖန်တတ် မလဲဗျာ။ အခုဒီကား ပေါက်မပေါက်တော့ မပြော တတ်ဘူး။ ထူးခြားတဲ့ ကားလေးဖြစ်မှာပါ။ ဒီကား မှာ ဖွေးဖွေးဆိုလည်း သိပ်ချစ်ဖို့ကောင်းတယ်" လို့ ပြောပြပါတယ်။
အောက်တိုဘာ ၂၄ရက် နေ့မှာ တရုတ် နိုင်ငံရွှေကြက်ဖ ပွဲတော်ကို" အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်" ရုပ်ရှင် ဇာတ်ကား သွားရောက် ပြသမှာ ဖြစ်တဲ့အတွက် ဒီပွဲတော်ကို သွားမယ့် စိုင်းစိုင်းခမ်းလှိုင်က " ရုပ်ရှင်လုပ်ငန်းနဲ့ ရုပ်ရှင်အစည်း အရုံးက လူကြီးတွေ ဦးဆောင်မှုနဲ့ ကျွန်တော် သွားမှာပါ။ ကျွန်တော်ဘာမှမသိပါဘူး။ မရောက် ဖူးလို့သွားလည်ရင်းနဲ့ပွဲလည်း မတက်ဖူးလို့သွား တာပါ။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် အနုပညာဖန်တီးတဲ့နေရာမှာတော့ အနုပညာသည် ပထမပေါ့။ ထောက်ကူ ပစ္စည်း တွေအသုံးပြုတဲ့စက်ကိရိယာတွေ၊ နည်းပညာ တွေက အနုပညာပြီးတော့မှဒုတိယလို့ ကျွန်တော် ကခံယူထားတာ။ နေရာတိုင်းမှာလို့ မပြောပါဘူး။
ဥပမာ သီချင်း တစ်ပုဒ်ရေးတဲ့ နေရာမှာ ဂစ်တာ အကောင်းစား၊ စက်အကောင်းစားကြီးတွေသုံး တာလည်းကောင်းပါတယ်။ ဒါပေမဲ့ သီချင်း ရေးတာကောင်းဖို့ကပိုအရေးကြီးတယ်။ အနုပညာ က ပိုအဓိကကျ တယ်လို့ ခံယူထားတဲ့သူဆိုတော့ ကျွန်တော်တို့ ဇာတ်ကားလေးကို ရိုက်တဲ့အချိန် ကသုံးတဲ့ ကင်မရာကအခုဆိုခေတ်မမီတော့ဘူး။ စက် ကိရိ ယာတွေလည်း ခေတ်မမီ တော့ဘူး။ ဒါပေမဲ့လည်း ဒါရိုက်တာရဲ့ အနုပညာ တင်ဆက် မှုကအရမ်းကောင်းတော့ ဒီကားကိုရွေးချယ် လိုက်ရတာ ကျွန်တော့် အယူအဆနဲ့ကိုက်ညီ တဲ့အတွက်သိပ်ဝမ်းသာပါတယ်" လို့ ပြောပြ ပါတယ်။ 

No comments:

Post a Comment