Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

ဇနီးဖြစ်သူ အိမ်မကပ်သဖြင့် ယောက်ျားက အိမ်မီးရှို့



ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်

ဇနီးဖြစ်သူမှာ အိမ်မကပ်ဘဲအလည်ထွက်နေသဖြင့် စကားများရန်ဖြစ်ကြရာမှ ယောင်္ကျားဖြစ်သူက အိမ်ကို မီးရှို့ခဲ့သည့် အဖြစ်အပျက်တစ်ခု သန်လျင်မြို့နယ်တွင် စက်တင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းမီးရှို့မှု သန်လျင်မြို့နယ် အလယ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပြန်လာသော ယောက်ျားဖြစ်သူက နေအိမ်သို့ရောက်စဉ် ဇနီးသည်မှာ အိမ်တွင်မရှိဘဲ အိမ်လည်ထွက်နေခဲ့သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

ထို့ကြောင့် ဇနီးသည် အိမ်သို့ပြန်လည်ရောက်ရှိစဉ် စကားများရန်ဖြစ်ကြရာမှ ယောက်ျားဖြစ်သူက အိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့သူအဖြစ် ရဲကသံသယဖြင့်ဖမ်းဆီးထားသူမှာ အသက် ၂၇ နှစ်အရွယ် ကိုသူရအောင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

မီးရှို့မှုကြောင့် ၎င်းတို့နေထိုင်သော ရှစ်ပေပတ်လည် ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်း တဲအိမ်မှာ မီးလောင်ပျက်စီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။ ယင်းမီးရှို့မှုကြောင့်လည်း ကိုသူရအောင်အား အရေးယူပေးရန် ဒုရဲအုပ်ဇော်မင်းက တရားလို ပြုလုပ်ကာ စွပ်စွဲတိုင်တန်းလိုက်သည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက အမှု အမှတ်(ပ)၈၁၉/၂၀၁၃ဖြင့် အမှုဖွင့်ကာ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေပြီး ပုဒ်မ ၄၃၆ ဖြင့် တရားစွဲမည်ဟု ရန်ကုန်တိုင်းရဲဌာနက ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment