ဆူရှီဆိုရင် အလှအပပုံဖော်ထားတဲ့ ဂျပန်ရိုးရာအစားအစာအဖြစ်အများစုသိကြမှာပါ။
စားလည်းစားဖူးကြ မှာပါ။
ဒါပေမယ့် နာမည်ကျော်ပန်းချီဆရာကြီး အက်ဒ်ဗာ့မွန့် ခ်ျရဲ့ ဒေါ်လာသန်းရာချီတန်တဲ့ အော်သံ ပန်းချီကားကို သရုပ်ဖော်ထားတဲ့ ဆူရှီိကိုတော့ တော်တော်များများစားဖူးကြမယ်မထင်ပါဘူး။
တိုကျိုက တာမာချန်းဆိုတဲ့စားဖိုမှူးက ရေညှိ၊ငါး၊ဆန်၊အရွက်တွေရယ်စုလိပ်ပြီး အော်သံ ပန်းချီကားကိုဆူရှီးလိပ်အဖြစ်ပုံဖော်ထားတာတော့ ပန်းချီဆရာတွေတွေ့ ရင်သဘောကျကြမှာပါ။
တမာချန်းက ကျမက စိတ်ကူးကပုံဖော်ပြီးလိပ်လိုက်ပေမယ့် တကယ်တမ်းဘယ်လို ပုံဖြစ်လာမလဲ မသေချာပါဘူး။ ဓားနဲ့ လှီးပြီးသွားရင်လည်း ပြန်ပြီး ပြင်လို့ မရတော့ဘူးလေ လို့ ဆိုပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)

$119,922,600 တန်တဲ့ The Screamပန်းချီကား


[Source]






No comments:
Post a Comment