(ဒီသတင်းကတော့ ဒေါက်တာချက်ကြီးတို့ လို့ ဆရာဝန်ကြီးတွေကြားရင် နှမြောတဖြစ်ကြမယ့် သတင်းတပုဒ်ပါ)
ဝါရှင်တန်ဒီစီက လင်ကွန်းကျောက်ရုပ်တုကြီးပေါ်မှာတက်ထိုင်ပြီး အမှတ်တရဓာတ်ပုံရိုက်ကြတဲ့ အမျိုးသမီးတွေ ရဲ့ အောက်စလွတ်နေပုံတွေနဲ့ အမျိုးသမီးတွေ ရဲ့ နောက်ပိုင်းပုံတွေကိုခိုးရိုက်တဲ့ ဓာတ်ပုံဆရာတယောက်ကိုရဲ ကဖမ်းဆီးလိုက်ပါတယ်တဲ့။
(ဒီဓာတ်ပုံတွေသူရိုက်နေတာတနှစ်လောက်ရှိနေပြီး သူ ရိုက်ထားတာ ပုံပေါင်း ၄၅၀၀ တဲ့ဗျာ။ ၀ါသနာကြီးလိုက်ပုံများနော်)
လင်ကွန်းအောက်မေ့ဖွယ် ရုပ်ထုနား ကလှေကားထစ် တွေနားမှာ အမျိုးသမီးတွေစကတ်လန်နေတဲ့ပုံတွေကိုမှန်ဘီလူးနဲ့ ဆွဲပြီး ခိုးကြောင်ခိုးဝှက်ရိုက်နေတဲ့
ခရစ်စတိုဖာဟန့် ကလိဗ်လန်ဆိုသူကို ရဲက ဖမ်းဆီး လိုက်ခြင်းဖြစ်ပါတယ်။ ၀ါရှင်တန်ပို့ စ်သတင်းစာရဲ့ အဆိုအရ ဓာတ်ပုံဆရာက ဒီလို ဓာတ်ပုံတွေရိုက်တာ တရားမ၀င်ဆိုတာ သူမသိရပါဘူးတဲ့။
ရဲအရာရှိကအမျိုးသမီးတွေရဲ့ တင်သားနဲ့ အောက်စလွတ်နေတဲ့ပုံတွေကိုရိုက်ကူးနေတာ မသင့်လျော်ဘူး လို့ ပြောတဲ့အခါ သူက ကလန် ကဆန်လုပ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ ကင်မရာထဲက မင်မိုရီကဒ်ကိုထုတ်ပြီး လွှင့်ပစ်ဖို့ လည်းကြိုးစားခဲ့ပါတယ်။ကင်မရာကိုအောက်ချဖို့ ပြောတဲ့အခါ မနာခံပဲ အဖမ်းခံ ဖို့ လည်းငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ကင်မရာထဲမှာ အမျိုးသမီးတွေရဲ့ တင် နဲ့ အောက် စလွတ်နေတဲ့ပုံအများအပြားရိုက်ကူးထားတာကိုတွေ့ ရှိခဲ့ ရပြီး အရိုက်ခံရတဲ့အမျိုးသမီးတယောက်က ဓာတ်ပုံတွေကို သူသဘောမတူပဲခိုးရိုက်ခဲ့တာ လို့ ပြောပါတယ်။
နောက်ပိုင်း သူ့ လက်ပ်တော့ကွန်ပြူတာမှာထပ်ရှာဖွေတဲ့အခါ ပါဝါပွိုင့်နဲ့  ဆလိုက်ရှိုးလုပ်ထားတဲ့ ဓာတ်ပုံ ၄၅၀၀ ကိုထပ်မံတွေ့ ရှိခဲ့ပါတယ်။ ဓာတ်ပုံဆရာက ဟာ အမျိုးသမီးတွေရဲ့ ဓာတ်ပုံကိုရိုက်ဖို့ လင်ကွန်း အထိမ်းအမှတ်ရုပ်ထုဆီ ကိုအလည် အပတ်လာခဲ့ပြီး အခုလို ဓာတ်ပုံတွေရိုက်တာတရား မ၀င်ဘူးဆိုတာသူမသိပါဘူးလို့ ပြောပါတယ်။ ဓာတ်ပုံတွေကို ၀ါရှင်တန်ဒီစီအနီးတ၀ိုက်မှာ ရိုက်ကူးခဲ့ပြီး တချို့ ပုံတွေဆို ရိုက်ကူးခဲ့တာ တနှစ်နီးပါးလောက်ရှိနေပါပြီ။
The Melting Pot 4 U
Source

No comments:
Post a Comment