Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

ဝိပဿနာဆရာကြီးဦးဂိုအင်ကာကွယ်လွန်

သာသနာတော်အတွက် ၀မ်းနည်းဘွယ်ရာဆုံးရှူံးမှုတစ်ရပ
မြန်မာပြည်ကနေ အဖိုးမဖြတ်နိုင်တဲ့ အရာ ရယူနိုင်ခဲ့ပြီ လို့ ကြွေးကြော်ခဲ့တဲ့ ဆရာကြီးဦးဂိုအင်ကာ ဆုံးပါးသွားပြီ ။

https://www.facebook.com/groups/vipassana.sng/permalink/10151860640313718/

(Ko Myo Thet Swe)

ကြီးမားသောဆုံးရှုံးမှု (အစားထိုးလို့မလွယ်တဲ့ဆုံးရှုံးမှု)။
ဓမ္မဇောတိ ဝိပသနာတရားစခန်းများကို မြန်မာပြည်အနှံ့နှင့် နိုင်ငံတကာတွင်ဖွင့်လှစ်တည်ထောင
်ခဲ့သော အသက်(၉၀)အရွယ်ရှိ ဆရာကြီး ဦးဂိုအင်ကာသည် တနင်္ဂနွေနေ့ ည(၁၀)နာရီ(၄၀)မိနစ်အချိန် နေအိမ်မှာ ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီး၏ ဈာပနာအခမ်းအနားကို အင်္ဂါနေ့ မနက် ၁၀နာခွဲအချိန်တွင် ဘုံဘေမြို့မှာ ကျင်းပမည်ဖြစ်ပါတယ်။
Goenkaji has passed away peacefully at the ripe age of 90 at his residence on Sunday, 29th September, 2013 at 10:40 PM. Funeral will be held on Tuesday, 1st October 2013 at 10:30 AM at Electric Funeral Ground near Oshiwara Bridge, Relief Road, (Opposite Ghaswala Compound), Jogeshwari West, Mumbai, India.
 
I'm sorry to inform you that our dear Dhamma Father, S. N. Goenakji pasted away just four hours ago.

Without Goenakji monumental efforts, we would not have gotten Dhamma and this opportunity to serve. May we always remember him with deep respect and gratitude for all he gave us.

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်


ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်
( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ 




 ဆရာကြီး ဦးဂိုအင်ဂါ ( ဇန်န၀ါရီ ၃၀၊ ၁၉၂၄ - စက်တင်ဘာ ၂၉၊ ၂၀၁၃)၊ ဓာတ်ပုံ- ၀ီကီပီဒီယား

ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာ
နိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက် ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။ 

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်း ကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင် ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခု လည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

No comments:

Post a Comment