Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2013

ဩစတြေးလျတွင် ကလေးတစ်သိုက်နှင့် အလုပ်ရှုပ်နေသည့် ဂျိုလီ


Monday, September 9, 2013

Saltစတား မင်းသမီးသည် ဩစတြေးလျတွင် ရှိနေပြီး တနင်္ဂနွေနေ့က ကလေးများကို ဆစ်ဒနီ ငါးပြတိုက်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ 
ဘရတ်ပစ်တ်တစ်ယောက် ရုပ်ရှင်ကိစ္စများအတွက် အလုပ်များနေချိန်တွင် အန်ဂျလီနာ ဂျိုလီသည်လည်း သားသမီးများကို ထိန်းကျောင်းရင်း လုံးလည်ချာလည် လိုက်နေသည်ကို တွေ့ရသည်။ 

Saltစတား မင်းသမီးသည် ဩစတြေးလျတွင် ရှိနေပြီး တနင်္ဂနွေနေ့က ကလေးများကို ဆစ်ဒနီ ငါးပြတိုက်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ ပစ်တ်သည် လတ်တလောတွင် 12 Years A Slave ဇာတ်ကားအတွက် Promotion ပြုလုပ်ရန် တိုရန်တိုသို့ ရောက်ရှိနေပြီး ထိုအတောအတွင်း ဂျိုလီက ဩစတြေးလျတွင် ကလေးတစ်အုပ်နှင့် ဗျာများနေခြင်း ဖြစ်သည်။ ဂျိုလီသည် သားသမီးများကို လေ့လာရေး ခရီးစဉ် သဘောမျိုး အနေဖြင့် ငါးပြတိုက် လိုက်ပို့ခဲ့ပြီး ကလေးများသည် Nemo ငါးရုပ်လေးများ လက်တွင်ကိုင်ကာ ပျော်ရွှင်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ဂျိုလီသည် သားသမီး (၆)ဦးအနက် (၁)ဦးကို ခေါ်ဆောင်မလာခဲ့ချေ။ အသက်(၁၂)နှစ်အရွယ် သမီးကြီး မက်ဒေါ့စ် လိုက်မလာဖြစ်သော်လည်း ပက်စ်၊ ဇာဟာရာ၊ ရှီလိုနှင့် အမြွှာနှစ်ဦးဖြစ်သော နော့စ်နှင့် ဗီဗီယန်တို့သည် မိခင်နှင့်အတူ ညီညီညာညာ ပျော်ရွှင်စွာ ချီတက်လာခြင်း ဖြစ်သည်။ ကလေးများပီပီ အမှတ်တရ အရောင်းဆိုင်တွင် မြင်သမျှ တွေ့သမျှ ဝယ်ယူချင်သော်လည်း စည်းကမ်းကောင်းကောင်း ပျိုးထောင်ခံထားရမှန်း သိသာစွာပင် နာမည်ကျော်ကြယ်ပွင့် မိခင်၏ အေးအေးသက်သာ ပြော စကားအတိုင်း အငြင်းမပွားဘဲ လက်ခံခဲ့ကြကြောင်း အနီးကပ် တွေ့ရှိသူများ က ချီးကျူးခဲ့ကြသည်။

ဂျိုလီသည် သူမ၏ ဇာတ်ကားသစ်တစ်ခု ရိုက်ကူးရန်အတွက် ဩစတြေးလျသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အစောပိုင်းက သူမသည် Unbroken ဇာတ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူကာ ဟာဝိုင်ယီတွင် ရိုက်ကူးမည်ဟု သတင်းကြီးခဲ့သော်လည်း နောက်ပိုင်းတွင် အစီအစဉ် ပြောင်းလဲသွားကာ ဩစတြေးလျ နိုင်ငံအား ရိုက်ကွင်းရွေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် (၂၀၁၁)ခုနှစ်က ရုံတင်သည့် In the Land of Blood and Honey နောက်ပိုင်း ဂျိုလီ ဒါရိုက်တာအဖြစ် လက်စွမ်းပြမည့် ဒုတိယမြောက် ဖန်တီးမှုလည်း ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment