Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

စိတ်ဖြင့် ထိန်းချုပ်နိုင်သည့် ပထမဆုံး ခြေတုကို စမ်းသပ်အောင်မြင်


Thursday, September 26, 2013

စိတ်ဖြင့် ထိန်းချုပ်နိုင်သည့် ပထမဆုံးခြေတုကို ချီကာဂိုမြို့ Rehabilitation Institute မှ သိပံ္ပပညာရှင်များက စမ်းသပ်အောင်မြင်ခဲ့ ပါတယ်။ စိတ်နဲ့ ထိန်းချုပ်နိုင်တယ်ဆိုတော့ ကိုယ်သွားလိုတဲ့နေရာကို စိတ်ကြိုက် သွားလာနိုင်မှာပါ။ ခြေတုက ဒူးခေါင်းနှင့် ခြေမျက်စိမှ ဂလင်းများကို ပေါင်းစပ်ပြီး ခြေလက်ကြွက်သားများကို ဦးနှောက်မှတစ်ဆင့် ခိုင်းစေညွှန်ကြားနိုင်ပါလိမ့်မယ်။

၎င်းခြေတုကို မော်တော်ဆိုင်ကယ် အက်စီးဒန့်ကြောင့် ခြေတစ်ဖက်
အဖြတ်ခံလိုက်ရတဲ့ အသက် ၃၂ အရွယ် Zac Vawter ကို စမ်းသပ်ခဲ့ရာ
အောင်မြင်မှုရရှိခဲ့ပါတယ်။ Zac Vawter ရဲ့အဆိုအရ စိတ်က လမ်းလျှောက် လိုကြောင်း တောင့်တလိုက်တဲ့အခါ ခြေထောက်သွေးကြောများ လှုပ်ရှား သွားပြီး ခြေတုကို လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။ အခြေတုဖြင့် ပြင်ညီပေါ်
လျှောက်လှမ်းနိုင်သလို လှေကားနဲ့ လျှောစောက်နေရာတွေမှာပါ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

ယခုကဲ့သို့ တီထွင်အောင်မြင်မှုကြောင့် သုံးနှစ်နှင့် ငါးနှစ်တာ ကာလအတွင်း ခြေတုပေါင်း တစ်သန်းကို ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

မေသဇင်
Guide Magazine

No comments:

Post a Comment