Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

ဘုရားရှိခိုးပြီးမှ ရဲတင်းဖြင့် အသေခုတ်သတ်ခဲ့သူ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စစ်ကုန်းအုပ်စု ရေလဲကျေးရွာတွင် စက်တင်ဘာ(၂၆)ရက်က ရဲတင်းဖြင့် ခုတ်သတ်မှု ကြောင့် ပွဲချင်းပြီးသေဆုံးသွားသည့် လူသတ်မှုတစ်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့နယ် စစ်ကုန်းအုပ်စု ရေလဲကျေးရွာနေ ဦးမော်တော်(ခ) ဦးသိန်းကျော်(၅၅)နှစ်သည် အိမ်ပေါ် ၌ စာရင်း လုပ်နေစဉ်တစ်ရွာတည်းနေ ဦးကိုမြတ်လှ(၂၈)နှစ်က ရဲတင်း(၂)လက်ကို ကိုင်ဆောင် လာပြီး ဦမော်တော်၏အိမ်ပေါ်သို့ တက်လာ ကာ အိမ်ပေါ်ရှိဘုရားအား ရှိခိုးဦးချခြင်း၊ ဦးမော်တော်အား ရှိခိုးခြင်း များပြု လုပ်ပြီး လက်ထဲတွင် အသင့်ယူလာသော ရဲတင်းဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဟင်္သာ တမြို့နယ် အမှတ်(၁)ရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သေဆုံးသူ ဦးမော်တော်(ခ) ဦးသိန်းကျော် (၅၅)နှစ် (ဘ ဦးဟန်ထိန်)သည် ဦးခေါင်းနောက်စေ့နှင့် လည်ကုတ် အကြား အလျား (၆) စင်တီမီတာနှင့် အနံ(၂)စင်တီမီတာခန့် ဒဏ်ရာရရှိခဲ့ပြီးနေရာ၌ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသုံးပြုခဲ့သည့် လက်နက်မှာဗြက်(၅)လက်မခန့်၊ အရှည်(၁)ပေ(၄)လက်မခန့်ရှိသော သစ်သားရိုးလက်ကိုင် တပ်ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

ယင်းအမှုတွင် ကျူးလွန်ခဲ့သည့် တရားခံ ဦးကိုမြတ်လှ (၂၈)နှစ် (ဘ) ဦးအုန်းကြည်အား အပိုင်ရဲစခန်းမှအခင်းဖြစ်ပြီး မကြာမီ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကူညီမှုကြောင့် ဖမ်းဆီးရမိခဲ့၍(ပ)အမှတ် ၂၁၅/၂၀၁၃ ပုဒ်မ(၃၀၂)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


                                                         ကောင်းမြတ်-ဟင်္သာတ(မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

Post a Comment