Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 18, 2013

ပန်းဘဲတန်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း ဖမ်းမိ


[ ဝေေ၀နှင်း ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၇ ]

ပန်း ဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း သက်ဆိုင်ရာမှ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

စက်တင်ဘာ ၁၅ ရက်က ပန်းဘဲတန်းမြို့နယ် (၁)ရပ်ကွက် တွင် ဖွင့်လှစ်ထားသော လျှပ်စစ် ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ် ဆိုင်သည် နံနက် ၉နာရီအချိန် ဆိုင်ဖွင့်ပြီး အလုပ်သမားများနှင့် ဈေးရောင်းနေစဉ် ငွေကျပ်သိန်း ၂၈၀ သိမ်းထားရာမှ ကျပ်သိန်း ၈၀ ပျောက်ဆုံးသွားကြောင်း သိရ သည်။
ဆိုင်ဖွင့်ပြီး မိနစ် ၃၀ အ ကြာတွင် စားပွဲဗီရိုအံဆွဲထဲတွင် ၁၄ရက်ကထည့်ထားသော ကျပ် ၁၀၀ဝတန် သိန်း ၂၀ဝနှင့် ကျပ် ၅၀၀ဝတန် သိန်း ၈၀ တို့ကို စစ် ကြည့်ရာတွင် ကျပ် ၅၀၀ဝတန် ငွေကျပ် သိန်း ၈၀ ပျောက်ဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းပျောက်ဆုံးမှုအတွက် ဆိုင်ရှင်မှ တရားလိုပြုတိုင်တန်း သောကြောင့် ပန်းဘဲတန်းမြို့နယ် မမစ(ပ)၃၀၀/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈ဝဖြင့် အမှုဖွင့်ထားစဉ် ယင်း နေ့ မွန်းလွဲ ၂နာရီ ၅ မိနစ်အ ချိန်တွင် ခိုးယူသူကို ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။

အဆိုပါခိုးယူသူသည် ယင်း ဆိုင်၏ ဂိုဒေါင်အလုပ်သမားတစ် ဦးဖြစ်ပြီး ခိုးယူထားသည့် ငွေ ကျပ် သိန်း၈ဝမှ ၁၆သိန်းကျော် ပျောက်ဆုံးနေပြီး ယင်းကို ပြန် လည်ရရှိရန် သက်ဆိုင်ရာမှ ဆက် လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment