Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

ခေတ်သစ်အဇာတသတ်အမြွှာညီအကို


သားကအဖေကိုပြန်သတ်တဲ့ အဇာတသတ် အကြောင်းဇတ်တော်ထဲမှာဖတ်ဖူးပါတယ်။ 
ဖခင်ဘုရင်ကြီးမှာ မကြားလိုပါ ...မကြားလိုပါ ...သတ်လိုရင်သတ်ပါစေတော့.....သီချင်းဟာလည်း မကြာခဏကြားဖူးနေကြ၊တခါတလေလည်း သူငယ်ချင်းတွေကြားမှာနောက်ပြောင်နေကြသီချင်းတပုဒ်ပေါ့။

ခေတ်သစ်အဇာတသတ်ဇတ်ထုပ်ကတော့ အမေရိကန်ဝါရှင်တန်မှာ တနင်္လာနေ့ ညကဖြစ်ပွားခဲ့ပါတယ်။  
ဝါရှင်တန်က အသက် ၂၅နှစ်အရွယ်အမွှာညီအကိုနှစ်ယောက် ဟာသူတို့ ဖခင်ဖြစ် သူကိုမီးလောင်တိုက် သွင်းပြီးသတ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဖခင်ဖြစ်သူကအသက် ၇၀ရှိနေပါပြီ။
သူတို့ သားအဖသုံးဦးဟာ လုပ်ငန်းတခုကိုအတူလုပ်ကိုင်နေကြပြီး အိမ်တလုံးထဲမှာအတူနေ ထိုင်ကြတာဖြစ်ပါ တယ်။ရဲတွေကဖမ်းဆီးပြီးတဲ့နောက်ဘာကြောင့် ဖခင်ဖြစ်သူကိုသတ်ဖို့ ကြံစည် ရသလဲဆိုတော့ ဖခင်ဖြစ်သူနဲ့ အတူနေဖို့ ၊အတူအလုပ် လုပ်ဖို့ အရမ်းခက်ခဲတာကြောင့် သတ်ဖို့ ကြံစည်ရတာ လို့  ၀န်ခံပါတယ်။

ဟုတ်ပါတယ်။ အတူနေဖို့ ၊အလုပ်အတူတူလုပ်ဖို့ ကျုပ်က သိပ်လွယ် 
တဲ့လူစားထဲမှာမပါဘူးဗျ  လို့ ဖခင်ဖြစ်သူကလည်းအေဘီစီနဲ့အင်တာဗျူးမှာ ၀န်ခံ ပါတယ်။
ဒါပေမယ့်နားလည်ထားဖို့ က ကျုပ်က သူတို့ ရဲ့ အဖေဗျ။ သူတို့ ရဲ့ သားကောင်မဟုတ်ဘူး။

အမွှာညီအကိုနှစ်ယောက်ကို လူသတ်ရန်ကြံစည်မှု၊ပေါက်ကွဲစေသော ပစ္စည်းတရားမ၀င် ကိုင်ဆောင်မှုအပါအ၀င် အမှုလေးမှုနဲ့ တရားစွဲထားပါတယ်။ဖခင်ဖြစ်သူကိုမီခိုးမွန်းပြီးအသက်ရှုကြပ်သေအောင်
မီးရှို့ ခဲ့ပေမယ့် မီးသတ်ကားတွေရောက်မလာခင်မှာပဲဖခင်ဖြစ်သူဟာ အပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်။ 

သူ့ ကိုသတ်ဖို့ ကြံစည်ခဲ့ပေမယ့် သားတွေအပေါ် မေတ္တာမပျက်ရှာပါဘူး။  
သူတို့ ဟာ ကျုပ် သားတွေပါပဲဗျာ လို့ ပြောရှာပါတယ်။
 The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)

ဖခင်ဖြစ်သူဝီလျ
 Paternal instinct? Even though his twin sons have been accused of trying to kill him, William Bledsoe won't criticize his childrenသားအဖသုံးယောက်နေတဲ့အိမ်
Scene: The three men shared this house in Ellensburg, Washington. The 70-year-old father was treated for smoke inhalation after a fire at the property last MondayBlaze: Firefighters also discovered home-made explosives while tackling the inferno that left scorch marks on the property Source

No comments:

Post a Comment