Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

13 Friday



The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး) 
ဒီကနေ့ ကတော့ ရက်ရာဇာ ရက်ကောင်းရက်မြတ်။ ဒီကနေ့ ပြဿဒါး။ရက်မကောင်းလို့  ခရီးမသွား သင့်ဘူး...စသဖြင့် နေ့ ရက်တွေနဲ့ ပတ်သက်ပြီး အစွဲအလန်းတွေနဲ့ ပြောဆိုတွက်ချက်ကြတာတွေ ကို မြန်မာ့လူ့ အဖွဲ့ အစည်းမှာ ကြားဖူးကြမှာပါ။

ဒီလိုနေ့ ရက်တွေနဲ့ ပတ်သက်ပြီး အစွဲအလန်းက လူမျိုးအလိုက်တမျိုးစီရှိကြပုံပါပဲ။
အမေရိက မှာနေထိုင်ကြတဲ့သူတွေကတော့  ၁၃ရက်နေ့ နဲ့ သောကြာနေ့ တွဲပြီးကျတဲ့နေ့ ကို ကံမကောင်းတဲ့နေ့ လို့ အစွဲအလန်းရှိကြပါတယ်။
ကယ်လီဖိုးနီးယား၊အက်ရှ်ဗေးလ်စိတ်ကျခြင်းထိန်းသိန်းရေးနဲ့ အကြောက်တရားနဲ့ ပတ်သက်ပြီးလေ့လာနေတဲ့ တက္ကသိုလ်ရဲ့ ခန့် မှန်း ချက်အရ အမေရိကန်လူမျိုး ၁၇သန်းကနေ ၂၁ သန်းအထိ   ၁၃ သောကြာနေ့  ကိုကြောက်ရွံ့ မှု ရှိကြ တယ်လို့ သိရပါတယ်။
တချို့ လူတွေက ဒီကနေ့ မှာလေယာဉ်မစီးဘူး။လုပ်ငန်းတခုအဲဒီနေ့ မှာစမလုပ်ဘူး။တချို့ ဆို ဒီနေ့ မှာ အိမ်တွင်းက အိမ်ပြင်တောင်မထွက်ကြပါဘူး လို့ ဆိုပါတယ်။
၁၃ရက်၊ သောကြာနေ့ ကြောင့် အမေရိကန် ဒေါ်လာ သန်း၈၀၀ ကနေ ၉၀၀လောက်တောင် ဆုံးရှုံးမှုရှိပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ဒီကနေ့ မှာသူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ငန်းလုပ်တာတွေ၊လေယာဉ်ခရီးသွားတာတွေ  ကို မလုပ်ကြလို့ ပါပဲ။
အမေရိကန်က ၈၀ရာခိုင်နှုန်းသော အဆောက်အဦးအမြင့်တွေမှာ ၁၃ ထပ်ဆိုတာမရှိပါဘူး။ဟော်တယ်တွေ၊ဆေးရုံတွေမှာလည်း အခန်း ၁၃  ဆိုတာမရှိပါဘူး။လေဆိပ်တွေမှာ ဂိတ် ၁၃ ကိုမထား ပါဘူး။

ဘာကြောင့်များဒီနေ့ ကိုလူတွေက ဒီလောက်အကြောက်ပိုနေကြရတာပါလဲ။ဒါနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တပုဒ်ကဒီလိုပါ။

ဟိုး...ဗိုက်ကင်းတို့ ခေတ်အခါက  နတ်ဘုရား ၁၂ပါး  ကောင်းကင်မှာ ညစာစားနေကြပါ သတဲ့။ အဲဒီလိုစားနေတုန်း မဖိတ်ခေါ်ပဲရောက်လာတဲ့ ၁၃ ယောက်မြောက် ဧည့်သည်လိုကီရောက်လာတယ်။ လိုကီနတ်ဘုရားက အမှောင်ကိုစိုးမိုးတဲ့နတ်ဘုရားပါ။ အဲဒီနတ်ဘုရားက  မစ်ဆယ်တိုးလ် လို့ ခေါ်တဲ့ပန်းပွင်ကိုမြှားထိပ်မှာတပ်ပြီး ပစ်လိုက်တဲ့အခါ ပျော်ရွှင်ခြင်းအလှနတ် ဘုရား ဘော်ဒါ သေဆုံးသွားပြီး တလောကလုံးမှောင်အတိကျရောက် သွားပါသတဲ့။တကမ္ဘာလုံးလည်းညည်းညူမြည်တမ်းကြလို့ ။အဲဒီနေ့ ဟာ ဆိုးရွားတဲ့၊ကံမကောင်းတဲ့နေ့ ဖြစ် ပါတယ်။အဲဒီအချိန်ကစလို့  ၁၃ ဂဏန်းဟာ မကောင်းတဲ့နိမိတ်နဲ့ တွဲပြီး မှတ်သားခြင်းခံရတော့တာပါပဲ။

ဒယ်လာဝဲတက္ကသိုလ်က တောမတ်ဆိုသူပြောတာကတော့ ၁၃ ဂဏန်းက ၁၂ ဂဏန်းနောက်မှာလာတယ်။ ၁၂ ဟာအပြည့်ဂဏန်း၊တနှစ်မှာ ၁၂လရှိတယ်။နာရီမှာ ၁၂နာရီ၊နက္ခတ်ရာသီခွင် ၁၂ခု၊ ၁၂နောက်မှာလာတဲ့၁၃ ကို ၁၂ဂဏန်းနဲ့  နှိုင်းယှဉ်တော့ ၁၃ ဂဏန်းဟာ ပုံသဏ္ဍာမမှန်ဘူးလို့ ဖြစ်နေတယ် လို့ ဆိုတယ်။

၁၄ရာစုလောက်ကပုံနှိပ်တဲ့ ချောစာရဲ့  ကန်တာဘာရီပုံပြင်များ စာအုပ်ထဲမှာကတည်း ကဒီနေ့ ကို ကံဆိုးတဲ့နေ့ လို့ သတ်မှတ်ခဲ့ကြတာဖြစ်တယ်။  ခရစ်ယာန်ဘာသာမှာလည်း  ယေရှုခရစ်တော်ကားစင်တင်သတ်ခံခဲ့ ရတာ ဒီသောကြာနေ့ မှာပဲဖြစ်ပါတယ်။
ခုနောက်ပိုင်း ၁၃ သောကြာ ကြောက်ရွံ့ မှုအစွဲအလန်းတွေကတော့  သောကြာ ၁၃ ရုပ်ရှင်ဆီးရီးတွေကနေမြစ် ဖျားခံသလို အပိုလို ၁၃ လသွားယာဉ် ဟာ ဧပြီ ၁၃ရက်နေ့ မှာ ပေါက်ကွဲခဲ့တာတွေ စတဲ့ အချက်တွေပေါ်မှာ ကလည်း ၁၃ဂဏန်းနဲ့ မကောင်းတဲ့ အဖြစ်အပျက်ကိုတွဲဖက်ပြီး မြင်လာစေပါတယ်။

ဂရိလူမျိုးတွေကျတော့  ၁၃ရက် အင်္ဂါနေ့ ကို ကံမကောင်းတဲ့နေ့ အဖြစ်သတ်မှတ်ကြပြန်ပါတယ်။

(ဒီကနေ့ ဟာ  စက်တင်ဘာ ၁၃၊သောကြာနေ့ ဖြစ်ပါတယ်။)
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး) 



Source

၁၃ ဂဏန်း (သို့) Friday 13

ဒီနေ့ဟာ ဘာနေ့လဲလို့ ပတ်ထားတဲ့လက်ပတ်နာရီကြည့်လိုက်တော့ တိုက်ဆိုက်ဆိုင်ဆိုင် Friday 13 ဖြစ်နေ ပါတယ်။ Friday 13 နေ့တွေရဲ့ ယူဆချက်လေးတွေကို မျှဝေလိုက်ပါတယ်။

လွန်ခဲ့သောနှစ်တုန်းက ဗြိတိန်နိုင်ငံက Lowestoft Seafront လို့ခေါ်တဲ့ လေယာဉ်အလှပြပွဲတစ်ခုမှာ ၁၃နာရီ ၁၃ မိနစ်မှာ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက် မိုးကြိုးပစ်ခံ လိုက်ရတယ်လို့ ဖတ်လိုက်ရပါတယ်။ အားလုံးပေါင်း ၃ ယောက် ထိမှန်ခဲ့ပေမဲ့ တစ်ယောက်မှ တော့မသေခဲ့ကြပါဘူး။ တည့်တည့်ထိတာတော့မဟုတ်တဲ့ အတွက် စက်ကွင်းမလွတ်ဘူးလို့
ပြောလို့လဲရပါတယ်။ မိုးရွာနေတဲ့ အတွက် သုံးယောက်စလုံးကလည်း ထီးကိုင်ထားကြတယ်လို့ဆိုပါတယ်။ ရေးထားတဲ့ပုံက မိုးရေထဲမှာ ထီးမဆောင်းဘဲကြည့်တဲ့လူတွေရှိလို့လားတော့မသိဘူး။ အဲ့ဒီသတင်းခေါင်းစဉ်ကတော့ ၁၃ ဂဏန်း ဆိုတာ အနောက်နိုင်ငံတွေမှာ နိမိတ်မကောင်းတဲ့ ဂဏန်းလို့ အစွဲရှိ ယုံကြည်သူတွေများပါတယ်။ အထူးသဖြင့်တော့ သောကြာနေ့မှာ ၁၃ ရက်နေ့ကျနေရင် unlucky နေ့(ပြသဒါးနေ့)ပေါ့။ ကျွန်တော်တို့ဆီမှာ တနင်္လာနေ့အလုပ်လုပ်ရင် အမြဲတမ်းအခက်အခဲ
ဖြစ်ပြီး တစ်ခါတည်းနဲ့ မပြီးဘူးလို့ ယူဆထားကြတယ်။
ထိုကဲ့သို ၁၃ ရက်နေ့ဟာ ကံမကောင်းတဲ့ ပြသဒါးနေ့လိုသတ်မှတ်ခဲ့ကြတာဟာ ဘီစီ ၁၇ဝဝ လောက်
ကတည်းကဖြစ်တယ်လို့သိရပါတယ်။ လူတွေဟာ ဘယ်လောက်တောင် ၁၃ ရက်နေ့နဲ့ ပါတ်သက်ပြီး အယူသည်းကြလဲဆိုရင်
သောကြာနေ့ဟာ ၁၃ရက်နေ့မှာကျရောက်နေရင် ဆံပင်ညှပ်ရင်တောင် မိသားစုဝင်ထဲက လူတစ်ယောက်ယောက် သေတတ်တယ်ဆိုတဲ့အထိကိုဖြစ်လာပါတယ်။ ၁၃ ရက်နေ့
မွေးတဲ့ သောကြာသားသမီးတွေဟာလည်း ဘဝတစ်လျှောက်လုံး မှာ ကံဆိုးမိုးမှောင် ကျမှုတွေနဲ့ ရင်ဆိုင်သွားရတတ်ကြလို့ ယူဆကြတယ်။ နောက်ဆုံး သုတေသနပြု လေ့လာချက်များအရတော့ ကံဆိုးခြင်း ၁၃ ဂဏာန်းဟာ လူဆယ်ယောက်မှာ တစ်ယောက်ကို အမြဲတမ်းလွှမ်းမိုးခြောက်လှန့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

၁၃ ဂဏာန်းနဲ့ ပါတ်သက်ပြီးတော့ အကျိုးပေး မကောင်းသူတွေကတော့ အလက်ဇန်းဒါ ဟာ သူနေထိုင်တဲ့ မြို့တော်မှာ နတ်ဘုရား ရုပ် ၁၃ ရုပ်ကို ပြုလုပ်စေခဲ့ပါတယ်။ နောက်တချိန် သူသေသွားရင် သူဟာ ၁၃ ဆူမြောက်ဘုရားဖြစ်တယ် လို့ နောင်လာနောက်သား တွေစိတ်ထဲမှာ စွဲထင်နေဖို့အတွက်
ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနတ်ဘုရား ၁၂ ဆူဟာ တစ်နှစ်မှာ ရှိတဲ့ လပေါင်း ၁၂ လကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ နောက်ဆုံးတော့ ၁၃ ဆူမြှောက်ရုပ်ထုကို မထုလုပ်ခင်မှာဘဲ သူသေဆုံးသွားခဲ့တယ်။ အကြောင်းပြချက်ကတော့ သူဟာ ၁၃ ဆူမြောက်နတ်ဘုရား ပြုလုပ်ခဲ့တဲ့အတွက် သေရတာလို့ ဆိုကြပါတယ်။

၁၆.ဝ၁.၂ဝဝ၃ နေ့မှာ ကိုလံဘီယာ လွန်းပျံယာဉ်တစ်စင်းကို အာကာသသို့ လွှတ်တင်ခဲ့ပါတယ်။ ကံဆိုစွာနဲ့ဘဲ ထိုယာဉ်ဟာ ပေါက်ကွဲပျက်စီးခဲ့ပြီး လိုက်ပါသူအားလုံးသေဆုံးခဲ့ပါတယ်။ ဒါကို ပြန်ကြည့်တော့ (၁+၆+ဝ+၁+၂+ဝ+ဝ+၃)= ၁၃ ဖြစ်နေလို့ လို့ဆိုကြပါတယ်။

ဆာဒန်ဟူစိန် နာမည်ဟာ အင်္ဂလိပ်လို့ (SADDAM HUSSEIN) အားလုံးပေါင်း ၁၃ လုံးရှိပါတယ်။ သူ့ကို သေဒါဏ်ချမှတ်ဖို့အတွက် ၁၃ ရက် ဒီဇင်ဘာလမှာ အမေရိကန် စစ်သားတွေဖမ်းမိခဲ့တာကလဲ ၁၃ နဲ့ပါတ်သက်နေပြန်တယ်လို့ ဆိုကြပါတယ်။

၁၃ ဂဏန်းကို ကံမကောင်းခြင်းဂဏန်းလို့ သတ်မှတ်သူတွေထဲမှာ အမေရိကန်တွေက ပိုပြီးဆိုးတယ်လို့ ထင်ရပါတယ်။ သို့ဖြစ်စေကာမူ အမေရိကန် နိုင်ငံရဲ့ အမှတ်တံဆိပ် ကြီးမှာတော့ ၁၃ တော်တော် များများကို တွေ့ရပါတယ်။ ထိုတံဆိပ်မှာ သံလွင်ရွက် ၁၃ ရွက်၊ ကြယ် ၁၃ လုံး၊ မျှား ၁၃ စင်း၊ ပိရမစ် အထပ် ၁၃ ထပ် စတဲ့ ကံမကောင်းခြင်း ၁၃ တွေနဲ့ ပြည့်နက်နေပါတယ်။

သို့ပေမဲ့လည်း ဥပ္ပါဒ် ဒန်ကြောင့်ဥပါတ်ဖြစ်တက်ဆိုတဲ့စကားလေးကိုကျွှန်တော်တို့မေ့ထားလို့မရပါဘူး။
အားလုံးပဲ ကံကောင်းခြင်းများစွာနဲ့ ဘဝကိုဖြတ်သန်းနိုင်ကြပါစေဗျာ။

Credti to;myanmar journal download
HHSS (TGO)
13.09.2013 ( Friday )
 

No comments:

Post a Comment