Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

 
 
မိတ်ဆွေတစ်ယောက်ပြောပြတဲ့ အကြောင်းအရာတစ်ခုက ကျွန်တော့်ကို အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။

ပထမဆုံးသူက ကျွန်တော့်ကို Carbon monoxide ဓာတ်ငွေ့ရဲ့ အသုံးဝင်ပုံကို မေးပါတယ်။ ဆရာဝန်ဆိုတာ အရာအားလုံးကို သိထားတယ်လို့ သူထင်နေလားမသိ။ တကယ်တော့ Carbon monoxide ရဲ့ အသုံးဝင်ပုံကို ဆရာဝန်ထက် ဓာတုဗေဒပညာရှင်ကသာ ပိုပြီးထဲထဲဝင်ဝင်တိတိကျကျသိမှာပါ။ ဒါပေမယ့်လည်း သိပ်မသိဘူးလို့ မဖြေချင်တာကြောင့် ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက်ပဲ ပြောပြလိုက်ပါတယ်။
''Carbon monoxideက အနံ့အရသာ အရောင်အဆင်းမရှိတဲ့ ဓာတ်ငွေ့တစ်မျိုးပေါ့။ သူ့ကို စက်ရုံအလုပ်ရုံတွေမှာ ဓာတ်လျှော့ပစ္စည်းအနေနဲ့ သုံးလို့ ရတယ်။ လောင်စာအနေနဲ့လည်း သုံးလို့ရပါတယ်။''

တကယ်တော့ သူလိုချင်တာ အဲဒီ့အဖြေမဟုတ်ပါ။ အဲဒါကြောင့် သူက နားနဲ့မနာ ဖဝါးနဲ့နာပါဆိုပြီး ကျွန်တော့်ကိုဆက်မေးပါတယ်။
''Carbon monoxideအရည်ကို သောက်မိတဲ့ အမျိုးသားတွေဟာ ထာဝရပန်းသေသွားတယ်ဆိုတာ ဟုတ်လားဆရာ'' (Carbon monoxide gasသည် ဓာတုဗေဒအရည်တစ်ချို့တွင် ပျော်ဝင်နိုင်သည်)

ကျွန်တော်သိတဲ့ အပိုင်းရောက်လာပြီဆိုတော့ ကျွန်တော်လည်း သိသလောက်ရှင်းပြပါတယ်။
''Carbon monoxide ဓာတ်ငွေ့က ဒြပ်ရှိ ပစ္စည်းတွေ လောင်ကျွမ်းတဲ့ အခါထွက်ပါတယ်။ မော်တော်ယာဉ်တွေရဲ့ Exhaustကနေလည်းထွက်ပါတယ်။ လူကို အရမ်းအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့ပါ။ သူက သွေးထဲက Haemoglobinလို့ခေါ်တဲ့ အောက်စီဂျင်သယ်ပေးတဲ့ ပစ္စည်းကို ဝင်ပေါင်းပြီး အောက်ဆီဂျင်သယ်လို့ မရအောင်လုပ်ပါတယ်။ အဲဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို Carbon monoxide အတိုင်းအတာတစ်ခု အထိရောက်သွားပြီဆိုရင် အသက်သေစေနိုင်ပါတယ်။
အရင်ဆုံးလူက ပျို့မယ်။ အန်မယ်။ အားနည်းလာမယ်။ အသက်ရှုမြန်လာမယ်။ နောက်ပိုင်း တက်မယ်။ သတိလစ်မယ်။သွေးပေါင်တွေထိုးကျမယ်။ နောက်ဆုံး အသက်ရှုရပ် နှလုံးခုန်ရပ်ပြီး အသက်သေဆုံးသွားနိုင်ပါတယ်။ှ
Carbon monoxide က အမျိုးသားတွေရဲ့ မျိုးအောင်မှုနှုန်းကို လျော့ကျစေတယ်လို့တော့ လေ့လာမှုတစ်ချို့က ဆိုထားပါတယ်။ ဆေးလိပ်သောက်ရင် မြုံတတ်တယ်လို့ သတိပေးတာ ဆေးလိပ်မီးခိုးမှာပါတဲ့ Carbon monoxide ကြောင့်ပါ။
ဒါပေမယ့် Carbon monoxideအရည်ကိုသောက်မိရင်တော့ ပန်းသေမှာထက် အခန့်မသင့်လို့ လူသေသွားမှာကို ပိုပြီးစိုးရိမ်ရမှာပါ။'

အဲဒီလိုရှင်းပြလိုက်တော့ ကျွန်တော့် မိတ်ဆွေက ဝမ်းသာအားရနဲ့ ဆိုပါတယ်။
''ဟုတ်လားဆရာ။ အဲဒီလိုဆိုရင်တော့ ဆရာအခုလိုရှင်းပြတာဟာ လူတစ်ယောက်အသက်ကို ကယ်လိုက်တာပါပဲ။''

ကျွန်တော်လည်းဆိုင်းမဆင့် ဘုံမဆင့် လူတစ်ယောက်အသက်ကို ကယ်ရာရောက်သွားတယ်ဆိုတော့ ဘယ်လိုများပါလိမ့်လို့ စိတ်ဝင်စားသွားတယ်။ ကျွန်တော့် မိတ်ဆွေက ရှင်းပြပါတယ်။
''ဒီလိုပါဆရာ။ ကျွန်မသူငယ်ချင်းတွေထဲမှာ အိမ်ထောင်ရေးအဆင်မပြေသူတွေရှိပါတယ်။ သူတို့ အမျိုးသားတစ်ချို့ဟာ ကွယှ်ရာမှာ ဖောက်ပြန်ကြတယ်။ နောက်ထပ်အသစ်ရှာကြတယ်။ အဲဒါကြောင့် သူငယ်ချင်းအဖွဲ့ထဲက အပျိုကြီးမမတစ်ယောက်က ဖောက်ပြန်တဲ့အမျိုးသားတွေ ပန်းသေသွားအောင်ဆိုပြီး အစားအသောက်ထဲမှာ Carbon monoxideအရည်ရောပြီး ကျွေးဖို့ ဒိုင်ခံတိုက်တွန်းနေပါတယ်။''

ကျွန်တော့်မိတ်ဆွေအမျိုးသမီးက အဲဒီလိုရှင်းပြလိုက်တဲ့ အခါ ကျွန်တော်လည်း တုန်လှုပ်ခြောက်ခြားသွားပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်းအချိန်မီတားဖို့ ပြောရတယ်။
''အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ကံကြမ္မာက အလိုလိုဒဏ်ခပ်သွားပါလိမ့်။ အဲဒီလို လက်စားချေတာကြီးကျတော့ ကံဆိုးရင် လူသတ်မှုဖြစ်ပြီး ထောင်ကျမှာ။ သွား သွား။ အပျိုကြီးမမနဲ့ သူငယ်ချင်းတွေကို မြန်မြန်အချိန်မီတားလိုက်ဦး''

တော်တော်ဆိုးတဲ့ အပျိုကြီးမမပါ။

ကြားဖူးနားဝအပေါ်ယံ အသိလေးကို လွဲမှားစွာ အသုံးချမိလျှင် အားလုံးဒုက္ခရောက်တတ်ပါကြောင်း။ ။

ဒီအာဇေ
29.8.13(THU)ု

No comments:

Post a Comment