Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 1, 2013

ဟူကျုံးရဲ့ ထူးခြားဆန်းကျယ်ဆုံး အပန်းဖြေနေရာ “Sheraton”


Thursday, 01 August 2013

အဆောက်အဦရဲ့ အတွင်းအပြင် ဒီဇိုင်းကတော့ ပြောစရာ မရှိလောက်အာင်ပါပဲ။ အဆောက်အဦ အပြင်ဖက်ကို LED အလင်းစနစ်နဲ့ ဖန်တီးထားပြီး night view အလှကတော့ မြင်တွေ့တဲ့အတိုင်း အံ့မခန်းပါပဲ။နောက်ပြီး အခန်းတိုင်းကို ဟူကျုံးရဲ့ တိုင်ဟူမြစ်အလှကိုမင်နိုင်အောင် ဖန်တီး ထားတဲ့အတွက် သဘာဝ အလင်းရောင်နဲ့လကောင်းလေသန့်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် (Lobby) ဧည့်ခန်းမှာ မျက်နှာကျက်၏ Swarovski သလင်းကျောက်မှ ထွက်တဲ့ အလင်းရောင်ကို အသုံးပြုထားပြီး အလွှာတိုင်းကို အာဖဂန်၊ဘရာဇီးမှ အထူးမှာယူထားတဲ့
ကျောက်ပြားချပ်တွေနဲ့ ခင်းကျင်းထားပါတယ် ။“Sheraton”အပန်းဖြေ Resort က အလွှာပေါင်း၂၇ထပ်၊ အခန်းအားဖြင့် ၃၂၁ခန်းအပြင် ဧည့်ခန်းပါသီးသန့်အထူးခန်း၊ လုံးချင်းအပန်းဖြေ အခန်းတွေပါ ရရှိနိင်တယ်လို့ ဆိုပါတယ်။

နွေနှင့် ဆောင်းဦးရာသီတွေမှာ အပန်းဖြေသူတွေ များပြားတတ်တဲ့ ဟူကျုံးက ယခင်တည်းက ကျော်ကြားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ နံမည်ကြီးအ်ာစကာ ရုပ်ရှင်ကားတွေဖြ စ် တဲ့ "Crouching Tiger, Hidden Dragon"၊ “House of Flying Draggers” တို့ကို ဟူကျုံးရဲ့ နံမည်ကျော် (Bamboo Forests) ၀ါးသစ်တောမှာ ရိုက်ကူးရေး ပြုလုပ်ခဲ့ပါတယ်။

“Sheraton” Huzhou Hot Spring Resort တည်နေရာကတော့ တရုတ်နိုင်ငံ၊
ဇီကျန်းပြည်နယ်၊(ဟူကျုံး) တိုင်ဟူလမ်းပေါ်မှာ ရှိပြီး၊ တည်းခိုခအနေဖြင့် တစ်ည ၃၉၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။အပန်းဖြေ အနားယူမဲ့ ဧည်သည်တွေ တည်းခိုနိုင်ဖို့ ယခုလအတွင်း ဖွင့်လှစ်ပြီဖြစ်ကြောင်း တင်
ဆက်ပေးလိုက်ပါတယ်။

Ref:wiki
AkaRy (MM Social Sky)

No comments:

Post a Comment