Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2013

နေပြည်တော်တွင် SEA Games သရုပ်ဖော် ဂရပ်ဖစ်တီ ရေးဆွဲမည်

ရန်ကုန်၊ သြဂုတ် ၂၁

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီက (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ လာဘ်ကောင်ရုပ်အဖြစ် သတ်မှတ်ထားသော ဇီးကွက်ပုံနှင့် အားကစားနည်း အလိုက် ဂရပ်ဖစ်တီ နံရံပန်းချီများကို နေပြည်တော် မြို့မဈေးတွင် စက်တင်ဘာလအတွင်း ရေးဆွဲမည်ဖြစ်ကြောင်း နံရံပန်းချီ ပညာရှင် အာကာကျော်က ပြောကြားသည်။

ယင်းသို့ ရေးဆွဲနိုင်ရန် အားကစား ဝန်ကြီးဌာန SEA Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်စဉ် အိုဘားမား၏ ပုံကို ရေးဆွဲခဲ့ရာမှ လူသိများ ခဲ့သည့် လူငယ် ဂရပ်ဖစ်တီ ပညာရှင် အာကာကျော်၏ အားကစားနည်း အလိုက် နံရံပန်းချီ ရေးဆွဲမှုအပေါ် မူတည်၍ SEA Games ပြိုင်ပွဲ ကျင်းပမည့် အားကစား ပြိုင်ကွင်းများတွင် ထပ်မံ ရေးဆွဲခွင့်ပေးမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်က ပြောကြား သည်။

မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ရန်ကုန်မြို့၏ လမ်းဘေး နံရံများတွင် စတင် ရေးဆွဲခဲ့ရာမှ လျှပ်စစ်မီးပျက်မှု အများဆုံးနှစ် ဖြစ်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ‘မီးပေးပါ’ ဟူသော စာသားမှာ ရန်ကုန်မြို့၏ နေရာအနှံ့ တွင် တွေ့ရှိလာရပြီးနောက် ခေတ်စားလာခဲ့သော ဂရပ်ဖစ်တီ နံရံပန်းချီ လောကဖြစ်ရာ ယင်းပညာကို လူငယ် အများစုက ရေးဆွဲခဲ့ ကြခြင်း ဖြစ်သည်။

နံရံပန်းချီ ပညာရှင် အာကာကျော်မှာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် အိုဘားမား၏ပုံတူကို ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ရေးဆွဲခဲ့ရာမှ လူသိများခဲ့ပြီး ဇူလိုင်လအတွင်း သမ္မတကြီး ဦးသိန်းစိန်၏ (၆၈) နှစ်ပြည့် မွေးနေ့တွင် သမ္မတကြီး၏ ခွင့်ပြုချက် မရဘဲ ပုံတူနံရံပန်းချီ ရေးဆွဲသည်ဟု ဆိုကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုခဲ့သောကြောင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ခဲ့ရသူ ဖြစ်သည်။

No comments:

Post a Comment