Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 25, 2013

ကျား/မ အင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်ထိုင်း နိုင်ငံ PAYATHAI ဆေးရုံ၌ ကျားအင်္ဂါသို့ အပြီးပြောင်းပြီးပါက တက္ကသိုလ်ဝင်တန်းဆက်တက် မည်


ကျား/မ အင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်ထိုင်း နိုင်ငံ PAYATHAI ဆေးရုံ၌ ကျားအင်္ဂါသို့ အပြီးပြောင်းပြီးပါက တက္ကသိုလ်ဝင်တန်းဆက်တက် မည်ဖြစ်ကြောင်း သိရသည်။

ကျား/မအင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်သည် အသက် ၁၈ နှစ်ရှိပြီဖြစ်ကာ မိုင်းလုံတပ်နယ် ပန်စံကျေးရွာ၌ မွေးဖွားခဲ့ပြီး အထက(၁)ကျောက်မဲ၌ တက္ကသိုလ်ဝင်တန်းအထိ ပညာသင် ကြားခဲ့ကြောင်း၊ ကျန်းမာရေး အခြေအနေအရ ပညာသင်ကြားခြင်းကို ခေတ္တရပ်နားခဲ့ရသော်လည်း ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသ မှုခံယူပြီးပါက ကျောင်းပြန်တက် မည်ဖြစ်ကြောင်း သိရသည်။

''ပြန်လာရင်တော့ တက္က သိုလ်ဝင်တန်းကို ပြန်တက်မယ်။ ကျွန်တော်က ကျန်းမာရေး မကောင်းတော့ ကျောင်းနားထားရတယ်။ အမေကတော့ ပြန်လာရင် ရှင်ပြုပေးမယ်လို့ ပြော တာပဲ။ အခုလောလောဆယ် ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ကျွန်တော့်ကို ကူညီပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်''ဟု မောင်စိန်မြင့်ကပြောသည်။ မောင်စိန်မြင့် သည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့်ကျောက်ကပ်ဌာနတွင် ခြောက်ကြိမ်ခန့် ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ ယောက်ျားအင်္ဂါအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သော် လည်း ဆီးလမ်းကြောင်းယိုစိမ့်မှုပြဿနာ ကြောင့် ထိုင်းနိုင်ငံဆေးရုံတွင် ယင်း ကဲ့သို့ ကုသမှုခံယူရခြင်းဖြစ် ကြောင်း သိရသည်။

''မန္တလေးမှာ ဆေးကုတဲ့ အခါ နေရေးထိုင်ရေး၊ သွားရေးလာရေးအခက်အခဲတွေရှိတယ်။ ကူညီပေးပါဆိုပြီး အဖြူရောင် နှလုံးသား ပရဟိတအဖွဲ့က ဆက်သွယ်လာတဲ့အခါမှာ အ သင်းသူ၊ အသင်းသားတွေက လိုအပ်တာတွေနဲ့ ဆေးဖိုးဝါးခတွေကို ကူညီပေးခဲ့တာပါ''ဟု ကျောက်မဲသူ၊ ကျောက်မဲသားများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။
Ref...ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

No comments:

Post a Comment