Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

ကမ္ဘာအနှံ့ ငွေလွှဲကုမ္ပဏီ MoneyGram နှင့် ပြည်တွင်းဘဏ်သုံးခု ပူးပေါင်းမည်




ရန်ကုန်၊ သြဂုတ် ၂၈

ကမ္ဘာအနှံ့ ငွေလွှဲဝန်ဆောင်မှု ပေးနေသော MoneyGram ငွေလွှဲကုမ္ပဏီနှင့် ပြည်တွင်းဘဏ်သုံးခုတို့ ပူးပေါင်းကာ နိုင်ငံတကာမှ ပြည်တွင်းသို့ ငွေလွှဲပေးပို့နိုင်ပြီ ဖြစ်ကြောင်း MoneyGram ကုမ္ပဏီ၏ အာရှပစိဖိတ်၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Mr.Grant Lines က ပြောကြားသည်။

အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်နှင့် ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုသို့ နိုင်ငံတကာမှ ငွေလွှဲ များ ပေးပို့နိုင်မည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံသားများဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲကိုးခုသာ ရှိသေးပြီး ယခုနှစ်အတွင်းတွင် ဘဏ်ခွဲပေါင်း ၂၀ အထိ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများဘဏ်သည် ပုဂ္ဂလိက ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းနှင့် အစိုးရ ပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းဖြစ်ပြီး အစိုးရ ပိုင်ဆိုင်မှုကို တဖြည်းဖြည်းချင်း လျှော့ချသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

MoneyGram ကုမ္ပဏီနှင့် ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းအပြင် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ် အရ ပြည်တွင်းပြည်ပ ငွေတောင်းခံလွှာ ပေးချေမှုလုပ်ငန်းများပါ ချိတ်ဆက် လုပ်ဆောင်မည် ဖြစ်ကြောင်း ထွန်းဖောင်ဒေးရှင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MoneyGram နှင့် ကွန်ရက် ချိတ်ဆက်ထားသော မည်သည့် နိုင်ငံမှမဆို မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ငန်းအပြင် ငွေတောင်းခံ လွှာ ပေးချေမှုလုပ်ငန်းများပါ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရန် ပြည်ပတိုက်ရိုက်ရင်းနှီး
မြှုပ်နှံမှုနှင့် နိုင်ငံတကာရှိ အစိုးရ၊ အဖွဲ့အစည်းများမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုသာ အဓိက ပြောဆိုနေကြသော် လည်း ရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံတကာတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ ငွေလွှဲပေးပို့မှုကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

ယခင်က ဟွန်ဒီခေါ် ကြားခံမှတစ်ဆင့် နိုင်ငံခြားမှ ငွေပေးပို့မှု များကြောင့် ပြည်တွင်းသို့ စီးဝင်နေသော နိုင်ငံခြားငွေ ပမာဏကို အတိအကျ မသိနိုင်သလို ယင်းနိုင်ငံခြားငွေများသည် မှောင်ခိုဈေးကွက် အတွင်းသို့သာ အများဆုံး ဝင်ရောက်ခဲ့ရသည်။

ကနေဒါ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး၊ အင်္ဂလန်နှင့် နိုင်ငံပေါင်း ၈၀ ခန့်မှ အထက်ပါ ပြည်တွင်း ဘဏ်သုံးခုသို့ MoneyGram မှတစ်ဆင့် ငွေလွှဲပေးပို့နိုင်မည် Mr. Grant Lines က ဆိုသည်။

သဘောတူညီချက်များအရ ယင်းဘဏ်များ၏ ဘဏ်ခွဲအားလုံးနှင့် ချိတ်ဆက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

MoneyGram သည် အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ငွေလွှဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် သြဂုတ်လ ၂၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ပြည်တွင်းဘဏ်များ ခိုင်မာဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အားပေးဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် ပြည်ပဘဏ် များ ပြည်တွင်းတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရန် အဆင့်သုံးဆင့်နှင့် ဆောင်ရွက်လျက်ရှိရာ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲလျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေရေးကြေးရေး ကြီးကြပ်ကွပ်ကဲရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် MoneyGram မတိုင်မီက အမေရိကန်ပြည်ထောင်စု အခြေစိုက် Western Union ငွေလွှဲလုပ်ငန်းသည် ယခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ငန်းဆောင်ရွက်ရန် ပထမဦးဆုံး ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းဘဏ် ခုနစ်ခုနှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုများ ပေးနေသည်။

No comments:

Post a Comment