Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 21, 2013

Learning English - ယဉ်ကျေးစွာ ငြင်းဆိုခြင်း (စကားပြော သင်ခန်းစာ )

 


Posted by Soe Soe Win on May 17, 2013 at 16:50 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ ( Myanmar Network )
သင့်ကို တစ်ယောက်ယောက်က အကြံဉာဏ်ပေးတဲ့အခါ၊ တစ်ခုခုကို ကမ်းလှမ်းတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ခု လုပ်ပေးဖို့တောင်းဆိုတဲ့အခါမှာ တစ်ခါတလေ ကျတော့ ငြင်းဆို ရတဲ့အခါမျိုးလည်းရှိပါတယ်။ No (ဟင့်အင်း) ဆိုပြီးပြောလိုက် တာကတော့ ယဉ်ကျေးမှုသိပ်မရှိတဲ့ ပုံစံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ငြင်းဆိုဖို့အကြောင်းရှိလာရင် သူတစ်ပါး လက်ခံနိုင်ပြီး ယဉ်ကျေးစွာနဲ့ ငြင်းဆိုလို့ရမဲ့ စကားအသုံးအနှုန်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။
  • Would you like to see a film tonight? (ဒီည ရုပ်ရှင်တစ်ကားကားကြည့်ချင်လား?)
    I’m afraid I can’t go out tonight. I’ve got a test tomorrow. (စိတ်မကောင်းပါဘူး။ ဒီညတော့ အပြင်မထွက်နိုင်ဘူး။ မနက်ဖြန်မှာ စာမေးပွဲရှိလို့။)
  • Why don’t we have some Chinese food? (တရုတ်အစားအစာ စားကြရင်ဘယ်လိုလဲ?)
    Sorry but I don’t particularly like Chinese food. (စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်က တရုတ်စာကို အထူးတလည် မနှစ်သက်လို့ပါ။)
  • How about taking a nice walk? (လမ်းလျှောက်သွားကြမယ်ဆိုရင် ဘယ်လိုလဲ?)
    I’d really rather not take a walk this afternoon. (ဒီနေ့လယ်တော့ ကျွန်တော် သိပ်လမ်းမလျှောက်ချင်သေးလို့ပါ။)
  • Would you like to come to the museum with us? (ကျွန်တော်တို့နဲ့ ပြတိုက်ကို လိုက်ခဲ့ပါလား?)
    Thank you, but it’s not my idea of a fun afternoon out. (ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေ နဲ့ နေ့လယ်နေ့ခင်းမှာ ဒီလိုသွားရတာကို မပျော်လို့ ပါ။)
  • Let’s go for a drive. (ကားလျောက်စီးရအောင်။)
    Sorry, but I’m not really fond of driving for the fun of it. (စိတ်မကောင်းပါဘူး။ဒါပေမဲ့ အပျော်သက်သက် ကားလျှောက်စီးရတာကို မကြိုက်လို့ပါ။)
  • Why don’t you stay the night? (ညအိပ်လိုက်ပါလား?)
    That’s very kind of you, but I really have to get back to the city. (ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြို့ကို ပြန်မှ ဖြစ်မှာမို့ပါ။)
** ကမ်းလှမ်းချက် (offer) တစ်ခုခုကို မငြင်းပယ်ခင်၊ များသောအားဖြင့် ကျေးဇူးတင်ကြောင်း ပြောရတာကို သတိပြုပါ။ တစ်စုံတစ်ယောက်က ကမ်းလှမ်းချက်တစ်ခုခုကို ပေးလာတဲ့အခါ ထိုတစ်စုံတစ်ခုကို မလုပ်ချင်၊ မလုပ်နိုင်ကြောင်းကို အကြောင်းပြချက်ပေးပြီး မငြင်းပယ်ခင် - အရင်ဦးဆုံး၊ ကျေးဇူးတင်ကြောင်းပြောတာက ယဉ်ကျေး ကြောင်း ပြတာဖြစ်ပါတယ်။ “No” သက်သက် ဖြေတာက လွန်စွာမှပင် ရိုင်းပျတယ်လို့မှတ်ယူသွားနိုင်ပါတယ်။

ငြင်းပယ်ဖို့ ၀ါကျတွေတည်ဆောက်တဲ့အခါမှာ-

To မပါတဲ့ ကြိယာရဲ့ အခြေခံပုံစံကို
  • I’m afraid I can’t ……….. (စိတ်မကောင်းပေမဲ့ မ……………. နိုင်ပါဘူး။)
  • I’d (really) rather not …….. (………..ကို သိပ်ပြီးတော့ မ…………ချင်ပါဘူ။း)
    အစရှိတဲ့ ပုံစံတွေမှာ အသုံးပြုရပါတယ်။

“Have to do” ကို to မပါတဲ့ ကြိယာရဲ့ အခြေခံပုံစံနဲ့တွဲတဲ့ ပုံစံကိုတော့

  • Thank you (thank you forsaking, thank you very much, etc) but, I have to……… (ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်……………….ကို လုပ်ဖို့ရှိနေလို့ပါ) - ဆိုတဲ့ ၀ါကျပုံစံမှာ သုံးပါတယ်။
  • It’s not my idea of…………. ရဲ့နောက် က တော့ noun တွဲရပါမယ်။

ကြိယာရဲ့ ဖြစ်ဆဲကာလပုံစံ (V-ing)ကိုတော့

  • I don’t particularly like………. (……………. ကိုတော့ ကျွန်တော် အထူးတလည် မကြိုက်လို့ပါ။)
  • I’m not (really) fond of …….. (………………ကို ကျွန်တော် မနှစ်သက်လို့ပါ။) - ဆိုတဲ့ ၀ါကျမျိုးမှာ အသုံးပြုပါတယ်။

No comments:

Post a Comment