Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 13, 2013

Killer Whale (သို့) Orca Whale ဝေလဘီလူး


Killer Whale
-ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အမဲလိုက်အလေ့အထရှိတဲ့ ရေနေနို့တိုက်သတ္တဝါဖြစ်တယ်။
-ကမ္ဘာပေါ်က အကြီးဆုံးသတ္တဝါဖြစ်တဲ့ ဝေလငါးကိုတောင် ဖမ်းပြီးစားတတ်လို့ ဝေလငါးတွေကို လိုက်သတ်တဲ့ Killer Whale (သို့) Orca Whale ဝေလဘီလူးတွေလို့ ခေါ်ကြတယ်။
-ခက်ခက်ခဲခဲ ကိစ္စတွေမှာ ဖြတ်ထိုးဉာဏ်သုံးပြီး မြေခွေးတွေလို အုပ်စုဖွဲ့ စုပေါင်းအမဲလိုက်တတ်တယ်။ ပင်လယ်မှာ ဖျံကျနေတဲ့ ပင်လယ်ဖျံကြီးတွေဟာ သူတို့အစာ ပြန်ဖြစ်သွားရရှာတယ်။
-ငါးမန်းတွေကိုတောင် လိုက်ဖမ်းပြီး အရှင်လတ်လတ် ထက်ပိုင်းဖြတ်စားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာရှိတယ်။
-အရွယ်အစားဟာ ဘတ်စ်ကားအသေးတစ်စီးစာလောက် ရှိပေမယ့် သိပ်ဆန္ဒပြင်းပြရင် ကုန်းပေါ်အထိ လူးလှိမ့်တက်လာပြီး စားချင်တဲ့အကောင်ကို ကိုက်ဆွဲသွားတတ်သေးတယ်။
-ခန္တာကိုယ်ဒီဇိုင်းက အမဲလိုက်ဖို့အတွက် အထူးစီမံထားတယ်၊ အရောင်အသွေးဆိုလဲ ကောင်းကင်ပေါ်ကနေ ရေထဲကိုငုံ့ကြည့်ရင် မြင်ဖို့ခက်ခဲအောင် ကျောကုန်းကို အနက်ရောင်ထားပြီး ရေအောက်ကနေ အပေါ်မေါ့ကြည့်ရင်လဲ မြင်ဖို့ခက်အောင် ဗိုက်သားက ဖြူနေတယ်။ မျက်လုံးမရှိတဲ့နေရာမှာ မျက်လုံးပေါက်ထင်ရအောင် အဖြူကွက်ကလေးနဲ့ အရောင်ဆောင်ထားသေးတယ်။

သည်လောက် ကြောက်စရာကောင်းပြီး တော်တော်လည်ဝယ်တယ်လို့ပြောရမယ့် Killer Whale တွေဟာ ထူးခြားတာက လူကို မတော်တဆကိစ္စကလွဲရင် ဘယ်တော့မှ ရန်မပြုတတ်၊ ရန်ပြုဖို့လဲ မစဉ်းစားတဲ့အပြင် အဏ္ဏဝါပြခန်းတွေမှာ လူတွေခိုင်းသမျှကို မမောမပန်းပဲ ဆပ်ကပ်ပြသလို ပျော်တော်ဆက်ပေး နေလိုက်သေးတယ်။
ဘာရယ်တော့ မဟုတ်ပါဘူး။ ဘာမှလဲ မဟုတ်ပါဘူး။
ဒါပါပဲ။


No comments:

Post a Comment