Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ကြိုးဝိုင်းထဲက Frozen Vs. Bagan


သုံးစွဲသူရဲ့ အရိုးခံအမြင်ကိုသာ တင်ပြလိုပါတယ်။

1. Smart Zawgyi feature
နှစ်မျိုးစလုံးမှာ ပါပါတယ်။ ကောင်းလဲ ကောင်းကြပါတယ်။ အရင်လို စာလုံးအလွဲတွေ နည်းနည်းလာပါတယ်။ "ရရစ်" ကို အကြီးအသေး၊ အမြီးပြတ်ခေါင်းပြတ် စတာတွေကို အလိုအလျောက်ပြုပြင်ပေးပါတယ်။ "တစ်ချောင်းငင်" အတိုအရှည်ကိုလဲ ချိန်ညှိပေးလာတယ်။

2. Switching keyboard
ဒီနေရာမှာတော့ Bagan ကို ပိုကြိုက်ပါတယ်။ keyboard ပုံလေးကို နှိပ်လိုက်ရင် မူခြားကီးတွေကို တစ်နေရာတည်းမှာ စုပေးထားပါတယ်။ သိပ်မရှာရတော့လို့ အဆင်ပြေပါတယ်။ ပိုကောင်းတာက "ကွင်းစကွင်းပိတ်" ကိုအရင်ရေးပြီးမှ cursor ကို အလယ်မှာပြန်ချတတ်တဲ့ စာစီသမားတွေအတွက် "ဘယ်ညာမျှား" ပါခြင်းက Frozen ထက်သာပါတယ်။ Suggestion တွေ ပါဝင်လာခြင်းကလည်း ရံဖန်ရံခါ အချိန်ကုန်သက်သာစေပါတယ်။

3. Frozen Vs. Bagan
ဒီနေရာမှာတော့ Frozen က သာပါတယ်။ စာရိုက်တဲ့အခါ စာလုံးကို အမှန်ပေါ်စေချင်တာ အားလုံးလိုချင်ကြပါတယ်။ စပြီး နှိုင်းယှဉ်ပြပါ့မယ်။
Bagan: မှု နှု (မှား)
Frozen: မှု နှု (မှန်)

Bagan: ညှ (ဟတ်ထိုးမှန်းမသိ)
Frozen: ညှ (ဟတ်ထိုးမှန်းသိ)

Bagan: မြှုပ် (တချောင်းငင်အရှည် ပေါ်)
Frozen: မြှုပ် (တချောင်းငင်အရှည် မပေါ်)

Bagan: နဲ့ (အောက်ကမြစ် န အမြီးထဲ မြုပ်၊ အောက်ကမြစ်သုံးမျိုး သုံးရသည်။)
Frozen: နဲ့ (အောက်ကမြစ် မှန်သည်။ )

အခြားစာလုံးများ များစွာ ရှိသေးသည်။ ကဲ... လူကြီးမင်းတို့.. ဘယ်သူနိုင်မယ်ထင်လဲ?

Credit @kyawnyinyi.latt.9
http://bluenavyblog.blogspot.com/

 

 Laminmaung

No comments:

Post a Comment