Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 7, 2013

ဥရုဂွေးသည် ကမ္ဘာ့ ပထမဆုံး ဆေးခြောက် သုံးစွဲခွင့် ပြုသည့်နိုင်ငံ ဖြစ်လာမည်လား


ဥရုဂွေးသည် ကမ္ဘာပေါ်တွင် ပထမဆုံးသောဆေးခြောက်ကို တရားဝင်အမျိုးသား ဈေးကွက်ကြီးအဖြစ် ဖန်တီးလိုက်သည့် နိုင်ငံဖြစ်လာစေရန်  အရှိန်အဟုန်ဖြင့် ခြေလှမ်းတစ်ဆင့် လှမ်းတက်လိုက်သည်။ အောက်လွှတ်တော်ကလည်း မဲပေး၍ ဥပဒေ မူကြမ်းကို အတည်ပြု ပေးလိုက်သည်ဟု
ဆိုသည်။
ဥရုဂွေးသည် ကမ္ဘာ့ ပထမဆုံး ဆေးခြောက် သုံးစွဲခွင့် ပြုသည့်နိုင်ငံ ဖြစ်လာမည်လားဥပဒေမူကြမ်းတွင် ဆေးခြောက် သုံးစွဲသူအနေဖြင့် မိမိနေအိမ်တွင် ဆေးခြောက်ပင် ခြောက်ပင်အထိ စိုက်ပျိုးခွင့်ရှိပြီး အစိုးရက ထုတ်လုပ်သော ဆေးခြောက်ကို လိုင်စင်ရ ဆေးဝါးကျွမ်းကျင် သူများထံမှ အပန်းဖြေရန် အတွက်ဖြစ်စေ၊ ဆေးဝါးအဖြစ် အသုံး ပြုရန်အတွက်ဖြစ်စေ တစ်လလျှင်  ၄ဝ ဂရမ်အထိ ဝယ်ယူခွင့် ရှိသည်ဟု ဖော်ပြထားသည်။
ယခင်ကလည်း ဥရုဂွေးတွင် ကိုယ်တိုင် သုံးစွဲရန်အတွက် အနည်းငယ်လက်ဝယ် ထားရှိလျှင် ထိုသူမှာ ပြစ်မှုမမြောက်ပေ။ စိုက်ပျိုးခြင်း၊ ရောင်းချခြင်း ပြုလုပ်လျှင်သာ ဥပဒေနှင့် ငြိစွန်းသည်။ ယခုပြဋ္ဌာန်း လိုက်သော ဥပဒေကြမ်းကို ညသန်းခေါင် မတိုင်မီ အထိ ၁၄ နာရီကြာ အချေ အတင် ဆွေးနွေးကြပြီး နောက် ထောက်ခံမဲ ၅ဝ၊ ကန့်ကွက်မဲ ၄၆မဲဖြင့် အတည်ပြု ပေးလိုက်ခြင်းဖြစ်သည်။ 
ယင်းဥပဒေမူကြမ်းကို  ထောက်ခံကြသူများကဥပဒေပြု လွှတ်တော်၏ ပွဲကြည့်ဆောင်များတွင်  ပြည့်ကျပ် လျက်ရှိသည်။
ဥရုဂွေးအထက်လွှတ်တော်တွင် လက်ဝဲအမတ်များက အများစုဖြစ်ကြသည်။ ယခုဆိုလျှင် အထက်လွှတ်တော်ကလည်း  အတည်ပြုမည်ဖြစ်သည်။ သမ္မတ ဂျို့စ်မူဂျိကာသည် ယခင်က လက်နက်ကိုင် သူပုန်ဖြစ်ခဲ့ပြီး သမ္မတ ဖြစ်လာသည့်အခါ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်နှင့် လိင်တူ လက်ထပ်ခွင့် တို့ကို ဖြစ်မြောက်ရန် အားပေးခဲ့သူဖြစ်သည်။
ဥပဒေမူကြမ်းတွင် ဖော်ပြထားရာ၌ ဥရုဂွေးတွင် ဆေးခြောက်သုံးစွဲမှုသည် တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့နေပြီဖြစ်ရာ သုံးစွဲသူများ ခိုးကြောင်ခိုးဝှက် မှောင်ရိပ်ခို၍ ပုန်းလျှိုးကွယ်လျှိုး အသုံးပြုနေရခြင်းကို ပပျောက်စေရန် အမှောင်ထဲမှ အလင်းရောင် ထဲသို့ ဆွဲခေါ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ပြုလုပ်ပေးခြင်းမှာ သူတို့အကြား သပ်လျှိုလိုက်ခြင်း ဖြစ်ရာ  ခေါင်းရွက် ဗျပ်ထိုး လမ်းဘေး၌ ရောင်းချနေရ သူများသည် ပို၍ အန္တရာယ်များသော ဘိန်းဖြူစသည့် မူးယစ်ဆေးဝါးများကို ရောင်းချခြင်း မပြုရ တော့ဘဲ တရားဝင် ဆေးခြောက် ရောင်းသည့်အပေါ်မှ အစိုးရက အခွန်ကောက် သွားမည်ဖြစ်၍ နိုင်ငံ အတွက်လည်း အကျိုးရှိ စေမည် ဖြစ်သည်။
 ဤသို့ ဥပဒေအရ မျက်စိတစ်ဖက် မှိတ်၍ ဆေးခြောက် သုံးစွဲနေခြင်းကို ကြည့်နေရခြင်းနှင့် ဥပဒေကို ကျောခိုင်း ထားသူ များက ဆေးခြောက် စိုက်ပျိုးခြင်း၊ ဝယ်ယူခြင်းနှင့် ဥပဒေမဲ့ပြုလုပ်နေခြင်း အကြား ကွာဟချက်ကိုလည်း ပပျောက်သွား စေမည်ဖြစ်သည်။
လောလောဆယ် ဥရုဂွေးမှ တရားသူကြီးများ အနေဖြင့် အနည်းငယ်မျှသော ဆေးခြောက်ကို မိပါက ကိုယ်တိုင်သုံးရန် ဟုတ်မဟုတ်သာ စစ်ဆေး ဆုံးဖြတ်ရန်လိုသည်။
တားမြစ်ချက်ကို နိဂုံးချုပ်ပစ်ရန် အတွက်  တိုက်ပွဲဝင် နေကြသူများသည် မူးယစ်ဆေးဝါး မူဝါဒပြင်ဆင် ရေးအတွက်  နိုင်ငံတကာသို့ တွန်းအား ပေးရာတွင် သမိုင်းမှတ်တိုင်တစ်ခု အနေဖြင့်  မဲကို အမြန်တောင်း ဆိုကြသည်။  တိုင်းပြည် သေးသေး လေးက အင်မတန်ကြီးမားသော ကိစ္စကို  တစ်ခါတစ်ရံ လုပ်တတ်ပါလား ဟူ၍ နယူးယောက် အခြေစိုက် မူးယစ်ဆေးဝါး မူဝါဒဆိုင်ရာ မဟာမိတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ အယ်သန်နာဒဲလ်မန်းက  ပြောသည်။
၎င်းအဖွဲ့တွင် ကုမ္ပဏီပိုင်ရှင်  ရစ်ချဒ်ဘရန်ဆင်တို့ ကွယ်လွန်သူ သမ္မတဟောင်း  ရော်နယ်ရီဂင်၏ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ရှုတို့လို ပုဂ္ဂိုလ်ကြီးများလည်း ပါဝင်ကြသည်။ ဥရုဂွေးသည် ကော်လိုရာဒို ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့၏ ခြေရာကို နင်းလိုက်သည့်အပြင် ကျော်တောင်ကျော်သွား ပါသေးသည်ဟုဆို၏။ အကြောင်းမှာ အဆိုပါ အမေရိကန် ပြည်ထောင်စု အနောက်ခြမ်း ပြည်နယ်နှစ်ခုတို့သည် ဆေးခြောက်ကို အပန်းဖြေရန် အတွက် မကြာသေးမီက ခွင့်ပြု ခဲ့သည်။
ဤကိစ္စမှာ နမူနာပြလိုက်ခြင်း ပါပဲ။ အခြားနိုင်ငံများနှင့် အမေရိကန်တို့ ဆေးခြောက်သုံးစွဲမှုကို တရားဝင် လုပ်ရန် စဉ်းစားလိုစိတ်ရှိကြမှာပါဟု ၎င်းက ပြောကြားခဲ့သည်။
မွန်တီဗီဒီယို အခြေစိုက် မူးယစ်ဆေးဝါး မူဝါဒဆိုင်ရာ မဟာမိတ် အဖွဲ့မှ အမေရိကတိုက် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဟန်နာဟက်ဇာက ဥရုဂွေး လူမျိုးတို့ ဆေးခြောက်ကို တရားဝင်ပြဋ္ဌာန်းသော ဥပဒေမူကြမ်း၏ အနှစ်သာရမှာ ပြည်သူ့ ကျန်းမာရေး နှင့် ဘေးကင်းမှု ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
 မူးယစ်ဆေးစွဲပြဿနာနှင့် ရောင်းဝယ်မှု ပြဿနာများကို  မျက်စိမှိတ်ပြီး မမြင်ချင် ဟန်ဆောင်ကာ  လျစ်လျူရှု ထားမည့် အစား ဥရုဂွေးနိုင်ငံက အမှန်တကယ် ဖြစ်ပျက်နေသည်ကို တရားဝင်ဖြစ်ရန် တာဝန်ယူလိုက်သည့် အရေးကြီးသော ခြေလှမ်း တစ်လှမ်းကို ရှေ့သို့လှမ်းတက် လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ဤသို့ဆောင်ရွက်လိုက်ခြင်းသည် ဥရုဂွေးကို နှစ်ပိုင်းခွဲခြား လိုက်ပြီးဖြစ်သွားကာ အမတ် ၉၉ ဦးပါသော အောက်လွှတ်တော်ကို အလယ်ကနေ ထက်ခြမ်းခွဲလိုက်သလိုမျိုး သမ္မတ မူဂျိကာ၏ ညွန့်ပေါင်းအမတ် ၅ဝ က အဆိုပါ ဥပဒေ မူကြမ်းကို ထောက်ခံခဲ့ကြပြီး အတိုက်အခံ အမတ် ၄၉ ဦးက ကန့်ကွက်မဲပေးရန် သဘောတူထားကြ၍ဖြစ်သည်။
အစိုးရအမတ်များထဲမှ တစ်ဦးဖြစ်သည့် ဒေါက်တာ ဒါရီယိုပဲရေ့ဇ်က သတိပေးသည်မှာ ဆေးခြောက်သည် မူးယစ်ဆေး၏ အစဖြစ်ပြီး ပို၍ ဆိုးဝါးသော ဘိန်းဖြူကိုသုံးစွဲရန်အတွက် ဝင်ပေါက်ဖြစ်နေရာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပြုလိုက်သည်နှင့် ဥရုဂွေးတွင် ဘိန်းဖြူနှင့် အခြား ဈေးပေါသော မူးယစ်ဆေးပြားများအထိ တက်လှမ်းနိုင်ကြ၍ လူကို အလွန်စွဲလမ်း စေသော ကိုကင်းမှထုတ်ယူသည့် ဆေးများစွဲသည့် ပြဿနာက စိုးရိမ်နေရသော ပြဿနာ ဖြစ်နေသဖြင့် မှိုလိုပေါက် နေသော မူးယစ်ဆေးစွဲ ပြဿနာအတွက်  စိုးရိမ်စရာ ဖြစ်ပါကြောင်း သတိပေးသည်ဟုဆိုသည်။
လွှတ်တော်ထဲတွင် အချေအတင် ပြောကြရာ၌ ဒေါက်တာ ပဲရေ့ဇ်၏မိန့်ခွန်းကို လူကြိုက် အများဆုံးဖြစ်ခဲ့သည်။ သို့သော် သူ့အနေဖြင့် ဥပဒေမူကြမ်းကို ပါးစပ်က တိုက်ခိုက် ပြောကြားသော်လည်း လက်ကတော့ ညွန့်ပေါင်းအဖွဲ့၏ သဘော ဆန္ဒနှင့် ညီအောင် ထောက်ခံမဲ လည်း ပေးမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သူဖြစ်သည်။ သူ့အနေဖြင့်  ဆေးခြောက်သည် ကောင်းသည့် အရာမဟုတ်၊ မကောင်းသည့် အရာပါ။  ဥပဒေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျောင်းသားများနှင့် အလုပ်သမား များ၏ ရန်သူဖြစ်သည်။ ဥပဒေရှိ၍ ဆေးခြောက်က မိတ်ဆွေဖြစ် မသွားပါ ဟူ၍ လွှတ်တော်တွင် ပြောကြား ခဲ့သည်။
မစ္စတာပဲရေ့ဇ်အနေဖြင့် စိတ်မချမ်းမသာ ဖြစ်ရသည်မှာ မစ္စတာမူဂျိကာ အနေဖြင့် ဤသို့ ဥပဒေပြဋ္ဌာန်းရန် အတွက် တိုင်းပြည်က အဆင်သင့် မဖြစ်သေးပါဘူး။Cifra အဖွဲ့က လူထုသဘော ဆန္ဒ စစ်တမ်း ကောက်ယူ ခဲ့ရာတွင် ဥရုဂွေး ပြည်သူ  ၆၃ ရာခိုင်နှုန်းက ဆေးခြောက်သုံးစွဲမှု ဥပဒေပြုခြင်းကို ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ၂၃ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ကြောင်းနှင့် ဤသို့သောအခြေ အနေတွင် ပြည်သူလူထုကို ဥပဒေနှင့် မလှည့်စားပါဘူး ဟူသော ကတိကို ချိုးဖောက် ခြင်းအဖြစ် တွေ့မြင်နေရ၍ စိတ်ဆင်းရဲရကြောင်း ပြောကြားခဲ့သည်။
 ၂ဝ၁၂ ခုနှစ်  ဒီဇင်ဘာတွင် သမ္မတက ယာယီအားဖြင့် ဤကိစ္စကို ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူမှု အခွင့်အရေး တစ်ကြိမ်ပေးရန် နောက်ပိုင်းကလုပ်ပေးကြရသူများကို လွှဲအပ်ခဲ့သည်။ အဓိက လိုလားသူ လူအများစုကြီးက လမ်းပေါ်ကို ထွက်လာကြရမည်ဟု ၎င်းကဆို သည်။  ပြည်သူတွေနားလည် သဘောပေါက် ထားရန်လိုသည်က  ကျည်ဆန်တို့၊  နံပါတ်တုတ်တို့၊ လူတွေကို ထောင်ထဲထည့်တာတို့ မိမိတို့ လုပ်နေသည် ဆိုခြင်းမှာ တကယ့် စီးပွားဖြစ် အကြီးအကျယ် လုပ်ကိုင် ရောင်းဝယ်နေကြသော  လူတွေအတွက် ဈေးကွက် လက်ဆောင် ပေးခြင်းဖြစ်ပါ သည်ဟု သမ္မတက ပြောကြားခဲ့သည်။
တရားဝင် လေ့လာချက်များအရ   ဥရုဂွေး အမျိုးသား မူးယစ်ဆေးဝါးဘုတ် အဖွဲ့က တွေ့ရှိချက်မှာ တိုင်းပြည်လူဦးရေ ၃ ဒသမ ၄ သန်းရှိရာတွင် ၁၈၄ဝဝဝ ခန့်က ဆေးခြောက်သုံးသည်ဟု ယခင်နှစ်က စာရင်းဇယား ရရှိထားခဲ့သည်ဟု ဆို၏။ ယင်း ၁၈၄ဝဝဝသည် နေ့စဉ် သုံးစွဲသူ များဖြစ်သည်ဟု ပြောရာ ပုဂ္ဂလိက သုတေသီများက ဒါလျှော့တွက်တာပဲ၊ စိုးရိမ် စရာပဲဟု ဆိုသည်။ ဆေးခြောက် လေ့လာရေး အသင်းကတော့ ဥရုဂွေး နိုင်ငံမှာ ပုံမှန် ဆေးခြောက် သုံးစွဲသူပေါင်း နှစ်သိန်းရှိသည်ဟု ဆိုသည်။
မည်သူမျှ မငြင်းနိုင်သော အချက်က ဥရုဂွေးသည် စိုးရိမ်ဖွယ်ရာ တိုးလာနေသော ဆေးခြောက်ထက်ဆိုးသည့် မူးယစ် ဆေးဝါးများ သုံးစွဲနေသည့် ပြဿနာဖြစ်သည်။ အဓိက ကိုကင်းနှင့် စွဲစေသော သတ္တိပိုမြင့်မား သော မူးယစ် ဆေးဝါး အမျိုးမျိုးသည် အဓိက  ပီရူးနှင့် ဘိုလီးဗီးယား တို့မှ ကုန်းတောင်ပိုင်းနှင့်  ဘရာဇီးတို့တွင် အလျှံပယ် ပလူပျံသလို ဝင်လာ နေခြင်းဖြစ်သည်။
ယင်းသို့ မူးယစ်ဆေးသုံးသူ များပြားလာပြီး မူးယစ်ဆေး စွဲသူများက ငွေလို၍ ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြင့် ငွေရှာခြင်း သည် မီးလောင်ရာ လေပင့်သလို ရာဇဝတ်မှု အမျိုးမျိုးကို အဖြစ်များ စေလာခဲ့သည်။ ယင်းဆေးစွဲသူ၊ ရာဇဝတ် ကျူးလွန်သူများနှင့် ချိတ်ဆက်မှုကို  ဖြတ်တောက် လိုက်ခြင်းဖြင့်  ဆေးခြောက်သုံးစွဲသူများအတွက် ဆေးခြောက် သုံးစွဲခြင်း ကို ဥပဒေပြုပေးရေးမှာ အစိုးရ၏ အဓိက အကြောင်းပြချက်များ အနက် တစ်ချက်ဖြစ်လာသည်။
အဆိုပါ လုပ်ငန်းအရ မှတ်ပုံတင်၍ အသုံးပြုသူများသည် ဆေးဝါးကျွမ်းကျင် သူများထံမှ ဆေးခြောက် ၄ဝ ဂရမ်အထိ ဝယ်ယူရန်  ကန့်သတ်ချက်ဖြင့် ခွင့်ပြုထားသဖြင့် ပူးပေါင်း၍ ဆေးခြောက်သုံးစွဲခွင့် ရရှိကြသည်။  အမ်စတာဒမ် တွင်ဖြစ် သလိုမျိုး ဆေးခြောက်သယ်သည့် ကမ္ဘာလှည့် ခရီးသည် များအား တားဆီးနိုင်ရန် ဥရုဂွေးနိုင်ငံသားများ သာလျှင် ဆေးခြောက် ဝယ်ယူသူနှင့် ဆေးခြောက် စိုက်ပျိုးသူအဖြစ် မှတ်ပုံတင်ခွင့် ပြုထားသည်။
ဥရုဂွေး၏  ဤလုပ်ရပ်သည် လက်တင် အမေရိကနိုင်ငံများသို့ ဖိအားများ တိုးပွားလာစေပြီး ဝါရှင်တန်၏ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ သဘောတရားကို ချဉ်းကပ်မှု အသစ်တစ်ရပ် လုပ်လာကြကာ ဝါရှင်တန်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲက ဒေသကြီးကို ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုလာ သည်။ ဘရာဇီးမှ မက္ကဆီကို အထိ၊ ဒုက္ခ ရောက်နေ ကြသော နယ်စပ်မြို့များ အထိ မူးယစ်ဆေး လောင်စာဆီ ထိုးထားသည့် တိုက်ခိုက်မှု ပြဿနာ များကြောင့် မူးယစ်စစ် မီးကြီး လောင်ကာ လူပေါင်းသိန်းချီ၍  သေကျေကြရသည်ကိုတွေ့ရခြင်းအား သတိပြုလာကြသည်။
ကိုလန်ဘီယာသမ္မတ ဂျူအန်မင်နျူရယ် ဆန်းတို့စ်က တခြားအလှည့်အပြောင်း တစ်ခုကို တောင်းဆိုခဲ့ကာ ဂွါတေမာလာ သမ္မတ အော့ကိုပဲရေ့ဇ် မိုလီနာက မူးယစ်ဆေးဝါး သုံးစွဲမှုကို တရားဝင် ပြုလုပ်ရန် ပြောင်ပြောင်တင်းတင်း ပြောဆို နေသူနှင့် ဆွေးနွေးမည်ဟု ဆိုသည်။ မက္ကဆီကို သမ္မတ ဖိလစ်ကယ်လ်ဒါရွန် (၂ဝဝ၆- ၂ဝ၁၂)ကလည်း မူးယစ်ဆေး ကုန်သွယ် ရောင်းဝယ်မှုကို ဈေးကွက် အဖြေရှာရန် နှင့်စဉ်းစားရန် တောင်းဆိုခဲ့ဖူးသည်ဟု သိရသည်။
အရေးကြီးသည်မှာ မူးယစ်ဆေးဝါးကုန်သွယ်ရောင်းဝယ်မှု၏ အပြင်းထန်ဆုံး ဆန့်ကျင်သူများ အနေဖြင့် ခြောက်ပြစ်ကင်း သဲလဲ စင်တော့ မဟုတ်ကြပါ။ မစ္စတာ ပဲရေ့ဇ်မိုလီနာသည် ယခင်က ဗိုလ်ချုပ်ကြီး ဟောင်းဖြစ်ပြီး မစ္စတာ ဆန်းတို့စ်က သူ့အရင်က ကာကွယ်ရေးဝန်ကြီးနောက် သမ္မတ ဘယ်ဗာရိုစု ဘရိုက်ကို ဆက်ခံသူဖြစ်၍ မက္ကဆီကို သမ္မတ ကယ်လ် ဒါဂွန်ကား သမ္မတ လက်ထက်က မူးယစ်ရာဇာတွေကို အင်အားအပြည့် အဝသုံးပြီး ချေမှုန်းခဲ့ရာ သွေးဆာသူ တစ်ဦး သဘောမျိုး ဝေဖန်ခဲ့ကြသည်ကို ခံရသည်။ သူ့လက်ထက်တွင် လူပေါင်း ၆ဝဝဝဝ အသက်ဆုံးရှုံး ခဲ့ကြရ၍ဖြစ်သည်။
သို့ပါ၍ ဥရုဂွေးက  ဆေးခြောက် သုံးစွဲခွင့်ပြုရန် ဥပဒေ ပြဋ္ဌာန်းသည့် ကိစ္စနှင့် ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်လာမည့် အကျိုးဆက်ကို ဆက်လက် စောင့်ကြည့်သွား ရဦးမည်ဖြစ်သည်။         ။  

No comments:

Post a Comment