Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 17, 2013

လူသားများအပြီးတွင် မှတ်ဉာဏ်အကောင်းဆုံး သက်ရှိ

စမ်းသပ်မှု တစ်ခုအရ လင်းပိုင်များသည် နှစ်ပေါင်း(၂၀)မျှ ကင်းကွာနေသည့်တိုင် အဆိုပါ လေချွန်သံကို ကြားလျှင် မှတ်မိနေတတ်ကြောင်း သိရှိရ

လူသားများပြီးလျှင် သတ္တလောက၌ မှတ်ဉာဏ်အား အကောင်းဆုံး သတ္တဝါများမှာ လင်းပိုင်များ ဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ လင်းပိုင်များသည် ၎င်းတို့နှင့် အကျွမ်းတဝင် ရှိခဲ့သော လေ့ကျင့်သင်ကြားသူများ၏ လေချွန်သံကို ကောင်းစွာ မှတ်သားထားလေ့ ရှိသည်။ စမ်းသပ်မှု တစ်ခုအရ လင်းပိုင်များသည် နှစ်ပေါင်း(၂၀)မျှ ကင်းကွာနေသည့်တိုင် အဆိုပါ လေချွန်သံကို ကြားလျှင် မှတ်မိနေတတ်ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်မှ ပညာရှင်များက သုတေသန လုပ်ငန်းစဉ် တစ်ခုတွင် လင်းပိုင်များ၏ ထူးခြားသော မှတ်ဉာဏ် စွမ်းရည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ "လူသားမဟုတ်တဲ့ သက်ရှိ မျိုးစိတ်တွေထဲမှာ ကာလရှည် မှတ်ဉာဏ်ကို အားအကောင်းဆုံး သိုလှောင်ထားနိုင်တဲ့ သတ္တဝါတွေ"ဟု ပညာရှင်များက လင်းပိုင်များအပေါ် ကောက်ချက်ချထားသည်။ ယခင်က ဆင်များနှင့် ချင်ပန်ဇီ မျောက်ဝံများတွင် မှတ်ဉာဏ်အင်အား ကောင်းမွန်ကြောင်း စစ်ဆေး တွေ့ရှိဖူးသော်လည်း ချစ်စဖွယ် ရေနေ နို့တိုက် သတ္တဝါလေးများက ၎င်းတို့ထက် သာလွန်ကြောင်း ချီကာဂို တက္ကသိုလ် လူသားဖွံ့ဖြိုးမှု နှိုင်းယှဉ်သိပ္ပံ ဌာနမှ ဦးဆောင် သုတေသီ ဂျေဆန်ဘာ့ခ်က ရှင်းပြခဲ့သည်။ "စမ်းသပ်ချက်တွေအရတော့ လင်းပိုင်တွေရဲ့ မှတ်ဉာဏ်ဟာ လူသားတွေပြီးရင် အကောင်းဆုံးပဲ"ဟု ၎င်းက ဆိုသည်။ ယခုစမ်းသပ်မှုတွင် လေ့ကျင့်ပေးထားသော လင်းပိုင်များ၏ မှတ်ဉာဏ်ရောထွေးစေရန် ရေကန်ထဲဆင်းပြီး အဖော်ပြုပေးသူများကို မကြာခဏ လဲလှယ်ပေးခဲ့သေးသည်။ "ခွဲခွာထားတဲ့ အခြေအနေ တစ်ခုမှာ ကိုယ့်မိတ်ဆွေကို တိရစ္ဆာန်တွေ ဘယ်လောက် မှတ်ဉာဏ်ကောင်းသလဲ ဆိုတာကို ကျွန်တော်တို့ သိချင်တာပါ။ ဒါပေမဲ့ ဒီစမ်းသပ်မှုဟာ သဘာဝ အရိုင်းနယ်ပယ်မှာ ရှင်သန်နေတဲ့ တိရစ္ဆာန်တွေဆီမှာ သုတေသနပြုဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"ဟု ဘာ့ခ်က ပြောကြားသွားသည်။ အစောပိုင်းကလည်း သုတေသီများက လင်းပိုင်များသည် အပြန်အလှန် အသံပြု ဆက်သွယ်မှုတွင် မိမိတို့ချင်း အမည်သတ်မှတ် ခွဲခြားထားသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ From: Planet Myanmar Network

No comments:

Post a Comment