ပရိသတ် ရှော့ ရသွားတဲ့ မိုင်လေးဆိုင်းရပ်ရဲ့  အကွက်တွေဖြစ်ပါတယ်။သူတို့ ဆီမှာလည်း နာမည်ကြီးဖို့  အတွက် ဘာမဆိုလုပ်မယ်ဖြစ်နေကြပုံပါပဲ။
တကယ်တော့ မိုင်လေးဆိုင်းရပ်ကသူ့ ပရိသတ်နဲ့ သူ့ ကိုချစ်ခင်သဘောကျသူတွေတပုံတပင်ပါ။ ဒါပေမယ့် လူ့ ရဲ့ လောဘဆိုတာလည်းအခက်သားဗျ။ နာမည်ကျော်သူက ဒီထက်ပိုနာမည်ကျော်ချင်တယ်။ အဲတော့ အပေါ်က ဗွီဒီယိုမှာလို ထင်ရာမြင်ရာတွေကောက်လုပ်ကုန်တော့တာပဲ။
ဒီပွဲပြီးရင် မိုင်လေးဆိုင်းရပ် ကိုယ်ဝန်ရှိမရှိသွားစစ်ကြည့်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်လူရွှင်တော်တယောက်က ပြက်လုံးထုတ်ပါတယ်။လျှာကိုအပြင်တတောင်လောက်ထုတ်ပြီး လိင်ဆွဲဆောင်မှုရှိတယ်လို့ (သူထင်တဲ့) အမူအယာအပြုအမူတွေနဲ့ အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ မိုင်လေးဆိုင်းရပ်ဟာဟိုးတချိန်က ချစ်စဖွယ်ဟာနာမွန်တာနား ဘ၀နဲ့ ကတော့လုံးဝကွာခြားသွားပါပြီ။
မြန်မာပြည်မှာလည်း နာမည်ကြီးချင်ဇောနဲ့  သူ့ ထက်ငါအပြိုင်ဖော်ကြ၊ချွတ်ကြ တာကတော့ တော်တော်လေး အရှိန်ရလာပါပြီ။
လူသားအဖြစ်စတင်ကာစက ဘယ်သူမှ အ၀တ် ပတ်ပြီးမွေးဖွားလာတာမဟုတ်တော့ ဖော်တာချွတ်တာကို အပြစ်မပြောလိုပါ။ အမျိုးသမီးတွေရဲ့ ကိုယ်ကာယအလှဟာလည်း သဘာဝရဲ့ လက်ဆောင်တခုဖြစ်တာမို့ ဒီအလှအပ ကို ပြသခြင်းဟာ ကြည့်ရှုခြင်းဟာလည်း အပြစ်မဟုတ်ပါ။
သို့ ပေမယ့် အနုပညာရှင်များ၊မော်ဒယ်များအနေနဲ့  မိမိကိုယ်ကာယအလှအပကို အနုပညာမပါပဲ အတုံးလိုက်အတစ်လိုက်ပြသမယ်ဆိုလျှင်တော့ အထက်ပါမိုင်လေးဆိုင်းရပ်ရဲ့ ဗီဒီယိုကိုကြည့်ရှုရသကဲ့သို့ စင်ပေါ်တက်ပြီး ပရိသတ်ကိုစော်ကား သလို ဖြစ်ပါမည် ဟုယူဆမိပါကြောင်း။
http://edition.cnn.com/2013/08/26/showbiz/music/miley-cyrus-mtv-vmas-gaga/?hpt=en_c2


No comments:
Post a Comment