Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

မိတ်ဆွေ ခင်ဗျား ဆီမှာ ကွန်ပျူတာ လက်တော့ နဲ့ ရောဂါ ရှာဖွေရှာပေးနိုင်တဲ့ ဆရာဝန်ရောက်နေပြီလား ။။။။။။။။။။



တောင်ကြီး။ ။ သြဂုတ် ၁၅ ရက်

တစ်ရက် ကျနော် ခရီးကနေ အိမ် ပြန်လာတော့ အိမ်ရှိ မိသားစု အားလုံးက (အမည်လွဲ) ကိုမိုး ဆရာဝန် တစ်ဦး အား ချီးမွန်းခန်းဖွင့်နေတာကို ကြားမိပါတယ်။ သတင်းထောက်လေဗျာ ပာိုစပ်စပ်ဒီစပ်စပ်ဆိုတော့ အိမ်ကလူကိုမေးကြည့်ပါတယ်။

“ အမေ ဘယ်လိုဖြစ်ပြီး ဆရာဝန်အကြောင်းကို ချီးမွန်းခန်းဖွင့်နေတာလည်း ” လို့မေးတော့

“ ငါ့သား ခရီးထွက်နေတုန်း ဆရာဝန်တစ်ယောက် အိမ်လာပြီး ဆေးလာကုပါတယ်။ အဲ တစ်ခြား ဆရာဝန်နဲ့ မတူဘူး ။ လက်တော့ တစ်လုံးနဲ့ ရောဂါရှာပြီး ဆေးလာကုသွားတယ်။ သားခရီး ထွက်နေတုန်းက ” ဆိုပြီး ပြောလာတော့

ကျနော် တော်တော်လေးကို အံ့သြော်သွားပါတယ်။ တော်တော်လေးကိုလည်း စိတ်ဝင်စားသွားပါတယ်။ စိတ်ထဲကလည်း ပျော်သွားမိတယ်။ သတင်းဘဲပေါ့ ။ ပာုတ်တယ်လေ ကျနော့် တစ်သက် ဘယ်တော့မှ မကြားဖူးဘူး။ လက်တော့နဲ့ ဆေးကုတယ်ဆိုတော့ ။

ဒါနဲ့ ဆက်မေးတယ်

“ အမေ ဘယ်လိုလုပ်ပြီး လက်တော့နဲ့ ဆေးကုတာလည်း ” ပာု မေးတော့

“ ဆရာဝန်က လက်ချောင်းထိပ်ကို ကလစ်ညပ်ပြီး အဲ့ကလစ်ကြိုးက ကွန်ပျူတာ မှာချိတ်တာနဲ့ ဘာရောဂါရှိတယ်။ ဘယ်လိုဖြစ်တယ် ပြောတော့တာဘဲ။ နောက်ပြီး သောက်ရမဲ့ ဆေးရောင်းသွားတယ်။”

“နေအုံးအမေ ဘယ်လိုဘယ်လို လက်ချောင်းထိပ်ကို ကလစ်ညပ်ပြီး အဲ့ကလစ်ကြိုးက ကွန်ပျူတာ မှာချိတ်တာနဲ့ ဘာရောဂါရှိတယ် ဆိုတာကိုပြောတာပာုတ်လား။ နောက်ပြီး ဆေးရောင်းသွားတယ် ပာုတ်လား။ ဆေးဘယ်လောက်ဖိုးဝယ်လိုက်လည်း အမေ ” ဆိုပြီး အသည်းအသန် မေးလိုက်တော့

“ဆေးဖိုးရော၊ စမ်းသပ်ခ တစ်ယောက်ကို သုံးထောင် အပါအဝင် ၁ သိန်းခွဲ ပေးရတယ်”

တိန်။။။။။။။။။။။ တိန် ။။။။။။။။။။။။။။ တိန်

ကဲ မိတ်ဆွေများ ဘယ်လိုစဉ်းစားမိလည်း။ ကျနော်ကတော့ ချက်ချင်း ဓါတ်သိလိုက်တယ်။ ဒီဆရာဝန်တော့ ငါ့အိမ် တစ်အိမ်လုံးလိုက် ဘက်သွားပြီပေါ့။ (သဘောက လိမ်သွားပြီ။)

မိတ်ဆွေများ စဉ်းစားကြည့်လေ။ အခြားမပြောဘူး ကွန်ပျူတာ နားလည်တတ်ကျွမ်းသည့် ဘယ်ပညာရှင်ကိုခေါ်မေးခေါ်မေး သိတယ်။ ကျွန်ပျူတာနဲ့ ဘယ်ရောဂါနဲ့ မှ စမ်းသပ်လို့မရပါ။ ဘီလ်ဂိတ်ကို ခေါ်ပြီး စမ်းခိုင်းလည်း သူလည်း မလုပ်တတ်ပါ။

ကဲ နောက်တစ်မျိုး စဉ်းစားပေးတယ် ကွန်ပျူတာမှ ထည့်သွင်းပြီး အသုံးပြုတဲ့ ဆော့ဝလ် နဲများ သိနိုင်သလား။ဒါလည်း မဖြစ်နိုင်ပါ။ လက်ချောင်းကိုကလစ်နိပ်ရုံနဲ့ ကွန်ပျူတာမှာ ရောဂါ ရှာနိုင်တယ်ဆိုတာ ကမ္ဘာမှာ ဘယ် ကွန်ပျူတာ ပညာရှင် ဘယ်ဆော့ဝလ် ပညာရှင်မှ မတီထွင်နိုင်သေးပါ။ တီထွင်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အလုပ်ပါ။

ရောဂါ ရှာဖို့ အနိပ်ဆုံး သူ့ရဲ့ သွေးကို စစ်ဆေးရပါတယ်။ နောက်ပြီး သွေးစစ်ရုံနဲမသိနိုင်ပါ။ သွေးစစ်တာတောင် HIV AIDS လို ရောဂါမျိုးက သွေးစစ်ရင်တောင် ပေါ်ချင်မှ ပေါ်တာ ရောဂါကျွမ်းမှ ပေါ်ကြတာ။ ကမ္ဘာမှာ အမျိုးအမည်မသိ ရောဂါ ပေါင်း ရာနဲ့ ချီ ရှိသေးတယ် ဆိုတာ တစ်လောက ကျမ်းမာရေး စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရသေးတယ်။

ဒီတာ့ ဖြစ်နိုင်ပါ့မလား။ ဘာလို့ ဒီလောက်ညင်းနေရလည်းဆိုတော့ နည်းနည်းတော့ ကျနော့် အကြောင်း ပြောပြမယ်နော်။ ကျနော်ပာာ ကွန်ပျူတာကို ပညာရှင် အဆင့်မပာုတ်ပေမယ့် ကွန်ပျူတာအကြောင်းကို ပာက်ဝလ်အကြောင်းမေးမလား။ ဆော့ဝလ်အကြောင်းမေးလား။ ဆော့ဝလ်မှာတောင် ဒီဇိုင်းလား။ Network နဲ့ ပက်သက်ပြီးမေးမလား။ ငယ်ငယ်ထဲက ဝါသနာပါလို့ ကို အထူးတလည် လေ့လာခဲ့တာ။ အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်သာမလုပ်ကိုင်ခဲ့တာပါ။

အခုသူလုပ်နေတဲ့ လှည့်ကွက်ကလည်း ပြောရရင် ခင်ဗျားတို့လည်း မြင်ဖူးမှာပါ ရုပ်ရှင်ကားထဲမှာ လက်ချောင်း ထိပ်လေးကို ကလစ်ညပ်ပြီး ကွန်ပျူတာလို အတုံးလေးမှာ အသက်ရှူနုန်း တိုင်းတာတာပါ။ သူ လုပ်တာလည်း ဒီလိုပါဘဲ ။ ကွန်ပျူတာမှာ နလုံးခုန်နူန်းကို မီတာနဲ့ ပြပေးတဲ့ ဆော့ဝလ်ကိုထည့်လိုက်တာပါ။ ဒီတော့ သူလေ့လာထားတဲ့ ဆေးပညာနဲ့ လူနာရှင်ရဲ့ သွေးခုန်နူန်းကို ကြည့်ပြီး ၄၀ ရာခိုင်နူန်း ခန့်မှန်းလိုက်တာပါ။

နောက်တစ်ချက်က ကျနော့်ရဲ့ သိပ်ခင်ရတဲ့ ကျောင်းနေဖက် တစ်ခန်းထဲ တစ်ခုံထဲ ထိုင်ခဲ့ရတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် ဆရာဝန်တစ်ယောက်က ပြောဖူးပါတယ်။

“ ပော့ရောင် ဆရာဝန်တစ်ယောက်က လူတစ်ယောက်ကို ဘားမှ မထိဘဲ မကိုင်ဘဲ ခန့်မှန်းလို့ ရပါတယ်တဲ့ ။ ဘယ်လိုခန့်မှန်းလည်း ဆိုတော့ လူနာရှင်က ပါးဖေါင်းနေလား။ နလုံးမကောင်းပါဘူးတဲ့ ။ မျက်တွင်း တအား ညိုနေလား။ဒါဆို လူနာက သွေးအားနည်းနေတယ်ပေါ့။ နောက်ပြီး အသားတွေဝါနေလား။ ကျောက်ကပ်အကောင်းဘူးပေါ့။ ဆံပင်တွေ မွဲခြောက်နေလား။ လည်ပင်းရောင်နေလား။ လက်မှာ သွေးကြောတွေ ဖေါင်းပြီးမြင်နေရလား။ ဆရာဝန်တွေ လူနာစစ်ရင် မျက်စိကိုလှန်ပြီး ဖျဲ ကြည့်ကြတယ်။ မျက်တွင်းက အကြော တွေရောင်နေလားပေါ့ ။ ဒါတွေဘဲ ရှိတာမပာုတ်ပါဘူး အများကြီး ရှိပါသေးတယ်။ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ ဒီလို လူတစ်ယောက်ရဲ့ အပြင်ပိုင်း အသွင်သဏ္ဍာန်ကို ကြည့်ပြီး ဗေဒင်ဆရာတစ်ယောက်လို ရောဂါရဲ့ ၅၀ ရာခိုင်နူန်းကို ခန့်မှန်းရနိုင်ကြောင်း ” သူပြောဖူးတာ မှတ်မိပါတယ်။

ဒီတော့ ဒီလိုနည်း နဲ့ လူတစ်ယောက်ကို အကြမ်းဖျင်း ၄၀ ရာခိုင်နူန်း ခန့်မှန်းလို့ရပါတယ်။

ခုနက ၄၀ ရာခိုင်နုန်းနဲ့ ပေါင်းတော့ ၈၀ ရာခိုင်နူန်း သူလူတစ်ယောက်ကို ခန့်မှန်းသွားတာပါ။

ဒါနဲ့ သူက သူနဲ့ ပူးပေါင်းထားတဲ့ ကုမဏီ က ထုတ်တဲ့ ဆေးကို ထုတ်ရောင်းပါတော့တယ်။ သဘောက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ လက်ခ သုံးထောင် အိမ်ရှိ ၇ ယောက်ဆိုရင် အသတင် ၂၁၀၀၀ ရသွားပါပြီ။ ဆေးရောင်းလို့ရမဲ့ အမြတ်ကလည်း ကျန်သေးတော့ တစ်အိမ်ကို ငါးသောင်းကျန်တယ်ထား။ တစ်မြို့မှာ အိမ်ပေါင်း တစ်ထောင်လောက် သူ လုပ်နိုင်ရင် ထွက်ကြည့်ပါ ဘယ်လောက်ထောမလည်းလို့ တော်တော်လေးကို တွက်ချေကိုက်တာပေါ့ ။

ဒီလိုနဲ အမေ့ကို မေးလိုက်တယ်။ အဲ့ဆရာဝန် မလာဘူးလားဆိုတော့ ။ ဆေးကုန်ရင်လာမယ်လို့ ပြောသွားတယ်လို ဖြေတယ်။ စိတ်ထဲမှာတော့ တေးထားလိုက်တာပေါ့ ။ဒီဆရာဝန်နဲ့ ငါနဲ့ တစ်ရက်တွေ့အုံးမှ ဆိုပြီးကြိမ်းဝါးလိုက်ပါတယ်

သိပ်မကြာပါဘူး။ အိမ်ကို အဲ့ဆရာဝန် ကိုယ်ပိုင်ကားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလေရော။ ကျနော်က မမြင်ဖူးဘူးဆိုတော့ မသိဘူးဆရာဝန်လား ဧည့်သည်လားဆိုတာ။ အိမ်ရှေ့ခန်းမှာ ထိုင်ပြီး အိမ်ရှိမိသားစုနဲ့ ကျကျနန စကား ထိုင်ပြောနေတယ်။

ကျနော့် အိပ်ခန်းက ဧည့်ခန်းဘေးကပ်လျှက်ဘဲ ဧည့်ခန်းက ဝင်ရတာဆိုတော့ ဧည့်ခန်းပြောနေသမျှ မကြားချင်လည်း ကြားနေရတယ်။ ကျနော်က အခန်းထဲမှာ တစ်နေကုန်လိုက်လာတဲ့ သတင်းတွေကို ချရေးပြီး ညနေ ၅ နာရီဆိုတော့ သတင်းမမှီမှာဆိုးလို့ အသည်းအသန် သတင်းရေးပြီး တင်နေတာ။ နားကတော့ ကြားလိုက်တယ်

“ ရောဂါသက်သာလား။ ဆေးကုန်ပြီလား” ဘာညာပြောနေတာကြားတော့ ။ စိတ်ထဲက ပာိုဆရာဝန်များလားဆိုပြီး ဆက်နားထောင်နေလိုက်တယ်။

“ ခင်ဗျားတို့ အမျိုးရောဂါစစ်မယ်ဆိုရင် ကြိုတင် ဘိုကင်လုပ်ထားနော်။ ပြီးမှ မကုလိုက်ရပါဘူးဆိုပြီး နောင်တမရနဲ့ ” ဆိုတဲ့ စကားကို အသံမာမာနဲ့ ကြားလိုက်တော့ စိတ်ထဲက တော်တော်လေးကိုပေါက်ကွဲသွားတယ်။

ဘာလည်း ဒီဆရာဝန် ငါ့အိမ်ကလူတွေကို အရူးလုပ်ပြီး တစ်သိန်းခွဲ ယူသွားတာတောင် အားမရသေးဘူး။ နောက်အမျိုးတွေကိုတောင် ဆက်ဒုက္ခပေးမယ့်ပုံစံ နောက်ပြီး ပြောပုံက လေသံမာတဲ့အပြင် သူမကုရင် ကျန်သောလူတွေ ရောဂါမပျောက်ဘဲ သေတော့မယ့်ပုံစံပြောလာတော့ ။ ဒီဆရာဝန် ကို တော့ ဆိုပြီး အခန်းပြင်ထွက်သွားပြီး သူ့ကိုသွားတွေ့ပြီး မေးလိုက်တယ်။

“ ဆရာ ကျနော်က သတင်းထောက်ပါ။ ကျနော့် ဂျာနယ်မှာ ဆရာသတင်း ထည့်ချင်လို့ ။ဆရာကို အင်တာဗျူး ပါရစေဆိုတော့ ” အဲ့ဆရာ ဘာဖြစ်သွားမယ် တင်တုန်း။

မျက်ဖြူစိုက်ပါတော့တယ်။ ထိုင်နေရာကနေ ထရပ်ရမလို နဲ့ နောက်ကို ဆုတ်ထိုင်ပါတယ်။ ပြီးတော့ ပြောပုံက မင်းတော့ ငါ့ကို ဒုက္ခရောက်အောင်လုပ်ပြီးတဲ့ ဗျာ။

ကျနော်က သူ့ကိုရှင်းပြပါတယ်။ ဘားမှ မပူပါနဲ့ ဆရာ ကျနော် အင်တာဗျူးက မေးခွန်းငါးခွန်းဘဲ မေးမယ်။ ဓါတ်ပုံတစ်ပုံရိုက်မယ်။ အယ်ဒီတာ သုံးလို့ ဂျာနယ်မှာ ပါရင် ဆရာနာမည်ကြီးပြီ။ လို့ ပြောလိုက်တော့ ။

အကြောက်အကန်ညင်းပြီး ငါးမိနစ်တောင်မထိုင်တော့ပါဘူး။ တစ်ချိုးတည်းလစ်တော့တာပါဘဲ။ ယနေ့အချိန်အထိ အိမ်မလာတော့ပါ။

ကဲ မိတ်ဆွေများဘဲ စဉ်းစားတော့ တကယ့်ကို ပညာရှင် ဆရာဝန် အစစ်လား။ အတုလား ဆိုတာကို။

ကျနော့်ကတော့ အဲ့နေ့က ရီလိုက်ရတာ။ တစ်သိန်းခွဲတန်အောင် ရီလိုက်ပါတယ်။

မြန်မာပြည်မှာ တစ်ချို့ရှိပါတယ်။ မိတ်ဆွေများလည်း မြင်ဖူးကြမှာပါ။ ဘုရားပွဲ နီးပြီဆိုရင် ဘယ်ကမှန်းမသိ မြွေအရုပ်ကို မြွေအစစ် လုပ်ပြပြီး လမ်းအလယ်မှာ လူတွေကို တဖက်နည်းနဲ့ ငွေတောင်းတာ။ အများကြီးပါ။ နည်းလမ်းပေါင်းမြောက်များစွာနဲ့ လူတွေကို လှည့်စားနေကြတာ။ အဲ့လိုလူတွေက တစ်နေရာ မြို့ တစ်မြို့ မှာ အကြာကြီး မနေပါဘူး ။ နယ်ပြောင်းပြီး လှည့်စားကြပါတယ်။ အကြာကြီး နေရင် လူတွေသိသွားမှာကို။

ဒီတော့ ဒီဆရာဝန်လည်း တစ်နေ့ မိတ်ဆွေအိမ်လည်း ရောက်လာပါလိမ့်မယ်။ တစ်ခါစမ်းသပ်ခ သုံးထောင် တောင်းပြီး ပြောပြပါလိမ့်မယ်။

သူဆမ လိုင်စင်ရတာတောင် ဆရာဝန်မလုပ်ဘဲ လူတွေကို ကူညီချင်တဲ့ စိတ်ထားနဲ့ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ။

အလုပ်သင် ဆရာဝန် လုပ်ရင် အစိုးရရဲ့ ခိုင်းစေမူ့ကိုခံရတာမလိုချင်လို့ ဆရာဝန်မလုပ်စားတာပါ။ သူ့ကွန်ပျူတာပာာလည်း နိုင်ငံခြားက ပညာရှင်က သူ့အတွက် အထူးသီးသန့် ဆော့ဝလ် ထည့်ပေးလိုက်တာဖြစ်ကြောင်း။

သူပာာ ယခုမြို့ရှိ ဆရာဝန်ကြီးများနင့် ရင်းနီးကြောင်း (တစ်မြို့ရောက်ရင် အဲ့မြို့ ရှိ ဆရာဝန်ကြီးများ နာမည်ကို အလွှတ်ကျက်လိုက်တာပါ) အဲ့ဆရာဝန်များ ကပင်သူ့ပညာကိုလေးစားကြောင်း

သူရောင်းပေးသည့်ဆေးမှာလည်း မြန်မာနိုင်ငံကို မလာချင်သည့် နိုင်ငံခြား ဆေးကုမဏီ ဖြစ်ပြီး သူ့တိုက်တွန်းချက်ကြောင့် ဆေးရောင်းပေခြင်းဖြစ်ကြောင်း။။။။။။။ စသဖြင့် စသဖြင့် စသဖြင့် ပြောနေပါလိမ့်မည်။။။။။။။။

(PS ယခုလိုရေးသားလိုက်သည့်အတွက် ကျနော်ဆိုလိုသည့် ဆရာဝန် သည် အမှန်အကန် ရောဂါရှာဖွေ နိုင်ပြီး ရိုးရိုးသားသား ရောဂါကုသခြင်း ဖြစ်သည်ပာု အထောက်အထား ခိုင်လုံစွာ ပြနိုင်ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ပါအတိုင်း အပြစ်ပေးခံယူမည်ဖြစ်ကြောင်း အလေးအနက် ဝန်ခံပါသည်။ )

ဆောင်းပါးရှင် ကိုနေလင်းသိုက်
၁၅.၈.၂၀၁၃ ည ၁၁း၄၅ မိနစ်

No comments:

Post a Comment