Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

ကမ္ဘာ့ရွှေဈေး တက်၍ ရွှေဈေး ရုတ်တရက်တက်

ရန်ကုန်၊ သြဂုတ် ၂၇

တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး ရုတ်တရက် တက်သွားပြီးနောက် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ငါးထောင်ကျော် မြင့်တက် သွားကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

“ဈေးတက်သွားတဲ့အတွက် အရောင်းအဝယ်လည်း ပြန်သွက်လာတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက ပြောကြားသည်။

ရွှေဈေး တက်လာသောကြောင့် ထုတ်ရောင်းသူ များပြီး ဆက်တက်ရန် ခန့်မှန်းသူများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဈေးတက်သွားခြင်း ဖြစ်ပြီး ရွှေဈေး ခန့်မှန်းရခက်နေကြောင်း တိတ်စိန် ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။

သြဂုတ်လ ၂၆ ရက်နေ့ အပိတ်ဈေးမှာ ကမ္ဘာ့ဈေး တစ်အောင်စလျှင် ၁၃၉၅ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၁၇,၀၀၀ ကျပ် ဖြစ်ပြီး သြဂုတ် ၂၇ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၄၁၁ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၂၂,၄၀၀ ကျပ် ဖြစ်ကာ ရွှေဈေး တက်လာခြင်း ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment