Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

မြောက်ကိုရီးယား ဒုံးကျည်များ ဆီးရီးယား ဝယ်ယူထား

 
ဆီးရီးယား အစိုးရသည် ၂ဝ၁၃ ခုနှစ် ဧပြီလက မြောက်ကိုရီးယားထံမှ ကီလိုမီတာ ၁ဝဝ ကျော်ထိ ရောက်ရှိပစ်ခတ်နိုင်သော တာတိုပစ်ဒုံးကျည် အစင်း ၄ဝ ခန့် ဝယ်ယူ ရရှိထားခဲ့ကြောင်း ဂျပန်နိုင်ငံ၏ NHK သတင်းဌာနက ဖော်ပြခဲ့သည်ဟု သြဂုတ် ၂၉ ရက် အင် တာနက် သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန် အစိုးရသည် အဆိုပါ ဒုံးကျည် ဝယ်ယူမှုကို အတည်ပြုပေး ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်သံတမန် အရင်းအမြစ်များက NHK သတင်း ဌာနသို့ ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းဒုံးကျည်များကို ဆီးရီးယားနိုင်ငံ အတွင်းသို့ ကုန်းလမ်းမှ မပို့ဆောင်မီ လက်ဘနွန်နိုင်ငံသို့ သင်္ဘောဖြင့်ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ 

ဆီးရီးယား နိုင်ငံအတွက် မောင်းပြန် သေနတ်များနှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ အပါအဝင် စစ်လက်နက် ၁၄ဝဝ ခန့် သယ်ဆောင်ထားသော လစ်ဗျားကုန်တင် သင်္ဘော တစ်စင်းသည် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် ဧပြီလက မြောက်ကိုရီးယားနိုင်ငံမှ ထွက် ခွာသွားခဲ့ကြောင်း ဂျပန်တာဝန်ရှိသူများ ကလည်း အတည်ပြု ပြောကြားခဲ့သည် ဟုသိရသည်။ ဆီးရီးယားနိုင်ငံကို အနောက်အုပ်စုက တိုက်ခိုက်မှုလုပ် ဆောင်ပါက ဆီးရီးယား အစိုးရအနေဖြင့် အစ္စရေးနိုင်ငံအား အဆိုပါ ဒုံးကျည်များဖြင့် တိုက်ခိုက်မည် ကို အမေရိကန်နှင့် အခြားနိုင်ငံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/23935-2013-08-30-08-47-41

No comments:

Post a Comment