Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

ဘုန်းကြီးတစ်ပါးကို လူဝတ်လဲစေ၍ တရားစွဲ

  August 29th, 2013

ဒလ၊ သြဂုတ် ၂၉။
ရန်ကုမြို့၊ ဒလမြို့နယ် အံ့ကြီးအနောက် ရပ်ကွက်တွင် နေထိုင်သော ဦးဥက္ကံသ(ခ)ဦးအောင်သိန်းသည် ဒလမြို့နယ် ၁၁/၁၄ရပ်ကွက်အတွင်း မူယစ်၍ သွားလာနေသောကြောင့် မြို့နယ် သံဃာ့နာယကမှ
သိက္ခာချ လူဝတ်လဲစေကာ ဒလမြို့မ ရဲစခန်းမှ တရားစွဲဆိုထားကြောင်း သိရသည်။
အဆိုပါ ဦးဥက္ကံသ(ခ) ဦးအောင်သိန်း ဆိုသူသည် ဝါတော်နှစ်ဝါရှိသူဖြစ်သော်လည်း ရပ်ကွက်အတွင်း မူးယစ်၍ သွားလာ နေသောကြောင့် ယင်းရပ်ကွက်နေ အမျိုးသားနှစ်ဦးက ရဲစခန်းသို့
လာရောက်အပ်နှံသဖြင့် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လ/ထလဝကမှူးနှင့် အဖွဲ့တို့က မြို့နယ်သံဃာ့နာယကသို့ အပ်နှံရာ သာသနာညှိုးနွမ်းအောင်ပြုလုပ်သော ဦးအောင်သိန်းအား သိက္ခာချ လူဝတ်လဲ၍
ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်စေခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်သိန်းအား အရေးယူ ဆောင်ရွက်နိုင်ရန် ဒုရဲအုပ် မျိုးစည်သူမှ တိုင်တန်းမှုအား ဒလမြို့မရဲစခန်းမှ ရဲအရေးမပိုင်မှု အမှတ်စဉ် ၃၃/၁၃အရ၊ ပြစ်မှုပုဒ်မ ၂၉၅(က)ဖြင့် အမှုဖွင့်၍
အမှုစစ် ဒုရဲမှူး ခင်မောင်လွင်မှ စစ်ဆေးကာ တရားစွဲတင်ပို့ထားကြောင်း သိရသည်။
မြန်မာ့ခေတ်

No comments:

Post a Comment