ဒီအပေါ်ကဗီဒီယိုမှာဆို တော်တော်အကုန်အကျခံပြီး နောက်ကွယ်ကမိုက်ကရိုဖုန်းတွေနဲ့ အားလုံးအကွက် ကျကျ စီစဉ်ထားကြတာတွေ့ ရမှာပါ။ မိန်းကလေးကလည်းသူ့ အတွက်စီစဉ်ထားတာတွေကိုတအံ့တသြဖြစ်ရင်းအမျိုးသားက မင်းငါ့ကိုလက်ထပ်မလားလို့ မေးတဲ့အခါ ခေါင်းညိတ်လိုက်။ ပရိသတ်က၀ိုင်းပြီးသြဘာပေး။ တကယ့်ပျော်စရာပွဲပဲပေါ့။
ဒါမျိုးတွေကြည့်ပြီးအတုခိုးကောင်းတဲ့တယောက်ရဲ့ အဖြစ်ကတော့ မနှစ်ကနဲ့ မတူရှာပါဘူး။
ဒူဘိုင်းက လက်ထပ်ခွင့်တောင်းတဲ့ ပုဂိုလ်လေးတယောက်ခင်မြာတော့ အထက်ကဗီဒီယိုထဲက မီလျံနာသဌေးမင်းလို ကံမကောင်းရှာပါဘူး။ သူ့ ခမြာလည်း သူတတ်နိုင်သလောက်တော့ အတီးအမှုတ်ကလေးနဲ့ စီစဉ်ပြီး သူ့ ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ မိန်းခလေးက သူထင်ထားသလို ခေါင်းမညိတ်ပဲ သူ့ ခေါင်းကို ဂစ်တာနဲ့ ထုလိုက်တာ ခမြာခွေခွေလေးလဲလို့ ။ ပြန်ထလာတော့လည်း ယောင်တိယောင်တောင် ဟိုကြည့်ဒီကြည့်နဲ့ ။ မိတ်ဆွေများလည်း ဒါမျိုး Merriage proposal လုပ်ဖို့ စိတ်ကူးရင်တော့ ပိုင်မှ လုပ်ဖို့  အကြံပြုလိုက်ပါတယ်။ (အိမ်မပိုင်ပဲ ဂေါ်လီရိုက်တော့ ခေါင်းမှာအာလူးသီးထွက်တာအဖတ်တင်သွားသပေါ့။)
No comments:
Post a Comment